Zawgyi Version
ကျောင်းဖွင့်သည်မှာ တစ်လသာ ရှိသေး၍ တနင်္ဂနွေနေ့တိုင်း အဆောင်က ပိတ်သည် ။
ကျောင်းသားများနားရန်အတွက်ဟု ဆို၏ ။ နောက်များတွင်မူ ပိတ်ရက်မပေးတော့ဟု အဆောင်မှူးကပြောသည် ။တစ်ခါတစ်လေသာ ဖြစ်တာကြောင့် ဒီနေ့တနင်္ဂနွေတွင် နိုင်သူ အပြင်သွားမည်ဟု ဆုံးဖြတ်ထားသည် ။
ယခုအကြိမ်သည် နိုင်သူ မုံရွာကို ပထမဦးဆုံးရောက်ဖူးသည့် အကြိမ်ဖြစ်သဖြင့် မုံရွာရှိတန်ခိုးကြီးဘုရားများသို့ လည်ချင်သည့်ဆန္ဒ လွန်စွာဖြစ်ပေါ်နေသည် ။
ဆိုင်ကယ်စီးတတ်သော်လည်း နေရာများကို သေချာစွာ မသိသေးသဖြင့် အတူသွားမည့် အဖော်ကို စဉ်းစားရာ ထက်ပိုင်ခန့်ကိုသာ တွေးမိသည် ။
###
" ထက်ပိုင်ခန့် ငါ့ကိုဗောဓိတစ်ထောင်ဖြစ်ဖြစ် လိုက်ပို့လို့ရလား "
ပိုင်ခန့်ဖြေမည့်အဖြေကို သိနေသော်လည်း နိုင်သူမေးလိုက်မိသည် ။
"မရဘူး .. ငါသွားစရာရှိတယ် "
စိတ်ရှုပ်သလိုနှင့် ဆံပင်တွေထဲ လက်ထိုးဖွလိုက်ပြီး မျက်မှောင်ကျုံ့ကာ ထက်ပိုင်ခန့်ပြောလိုက်သည် ။
"ဟမ် .. မင်းကဘယ်သွားမလို့လဲ "
"ကြက်ကင်သွားဝယ်မလို့ "
"ခဏလေးပဲဟာ .. "
"အဝေးကြီးပဲ မလိုက်ချင်ဘူး ပျင်းတယ် "
"ပြီးတာပဲကွာ .. ရတယ် "
ပြောပြီး အဝေးသို့ ထွက်သွားသည့် နိုင်သူ့ကျောပြင်ကို ကြည့်ရင်း ခပ်ရွဲ့ရွဲ့ ပြုံးလိုက်မိသည် ။
*ဘာလို့ ကျနော်က သူ့ကိုလိုက်ပို့ရမှာလဲ သွားချင်ရင် ကွကိုယ်သွားပေါ့ အလကား အလုပ်ရှုပ်တာ *
###
"အန်တီ သီတာအေးဗျ .. ဟိုလေ တိမ်ယံရှိလား "
YOU ARE READING
ကျေးဇူးပြု၍ [ ကျေးဇူးပြု၍ ]
Randomထက်ပိုင်ခန့်လေ ထက်ပိုင်ခန့်.. ဘယ်အရာနေနေ ပိုင်ဆိုင်နိုင်လို့ ထက်ပိုင်ခန့်လို့ခေါ်တာ...# ထက်ပိုင်ခန့်လေ ထက်ပိုင်ခန့်.. ဘယ်အရာနေနေ ပိုင်ဆိုင်နိုင်လို့ ထက်ပိုင်ခန့်လို့ခေါ်တာ...# အကိုခန့်အနားမှာ ကျနော်က တစ်ခဏပဲနေပြီး ထာဝရပျောက်ကွယ်သွားရမဲ့လူ.. အချိန်ခဏတ...