နင့္ - ၁ ( Zawgyi &unicode)

74.6K 2.4K 34
                                    

Unicode Version

အရောင်စုံနေသော မီးလုံးများ ကျယ်လောင်နေသော သီချင်းသံကြားမှာ စီးချက်ကျကျ ကခုန်နေကြသူများရှိသလို စီးချက်မကျ ပုံစံမျိုးစုံဖြင့် ကခုန်နေကြသူများ အရက်သေစာသောက်စားနေကြသူများ အမျိုးသမီးအချို့နှင့် ပျော်ပါးနေကြသူများနှင့် စည်ကားနေသော Clubထဲမှာ ကျွန်တော် သူငယ်ချင်းအချို့နှင့် ကခုန်လိုက် စကားပြောလိုက် အမောဖြေရင်း ယမကာလေးသောက်လိုက်နှင့် အလုပ်ရှုပ်နေမိသည်။ ထို Clubက ကျွန်တော်လာနေကျမို့ Clubရှိဝန်ထမ်းများ မိန်းကလေးများနှင့်လဲ အတော်ပင် ရင်းနှီးနေပြီ။ ထို Clubရှိ ဝန်ထမ်းအမျိုးသားတွေထက် အမျိုးသမီးတွေနဲ့ပိုရင်းနှီးတယ်ဆိုရင် ပိုမှန်လိမ့်မည်။ သူငယ်ချင်းတွေ ကောင်မလေးတွေနဲ့ ကျွန်တော် အလုပ်ရှုပ်နေချိန် ကျွန်တော့် Phone Ringtone ထမြည်လာပြီး Phone Screen ပေါ်မှာပေါ်လာသည့်အမည်.....

>>>> My KyelSin <<<

" ကြယ်စင်" ကျွန်တော့် ဘဝမှာတန်ဖိုးအထားရဆုံးသော အမျိုးသမီးတစ်ယောက်၏ အမည်။ ကျွန်တော် ပေါများသည့် ကောင်မလေးတွေနဲ့ ဘယ်လောက်ရှုပ်ခဲ့ရှုပ်ခဲ့ ကြယ်စင် ဆိုသည့်ကောင်မလေးအပေါ် ချစ်တဲ့စိတ်မပြောင်းခဲ့။ သူမတစ်ယောက်ထဲကိုသာ ချစ်ခဲ့ပြီး သူမ၏ပြောစကားဟူသမျှ နားထောင်ခဲ့သည်။

ကျွန်တော့်အတွက် မိန်းကလေးတစ်ယောက်ကို ၁လ ၂လ အပြင်ပိုမတွဲတတ်ပေမဲ့ ထို မိန်းကလေးကို ၁၀နှစ်ကျော် စွဲလမ်းခဲ့သည်။ မိန်းကလေးအတော်များများထံမှ ချစ်ပါတယ်ဆိုသည့်စကားတွေ အကြိမ်ကြိမ်ကြားဖူးသော်လဲ သူမထံမှ ချစ်တယ် ဟူသည့်စကားသံကို ၁၀နှစ်ကျော်ကြာသည်အထိ မကြားဖူးသေး။ အခုလိုအချိန်မျိုး အခြားသူတစ်ယောက်သာ ဖုန်းဆက်မယ်ဆိုရင် ကျွန်တော်ဖုန်းကိုင်မှာ မဟုတ်ပေမဲ့ သူမထံမှ ဆက်လာသည့် ဖုန်းကိုတော့မကိုင်၍မရ။ သူမဟာ ကျွန်တော့်အတွက် ထိုမျှမက အရေးပါသည့် မိန်းကလေးတစ်ဦးပင်။

ကျွန်တော့်ရင်ခွင်မှာ ကပ်ချွဲနေသော ကောင်မလေးကိုတွန်းဖယ်ပြီး ဖုန်းယူကာ အပြင်သို့ခပ်သွက်သွက်ပြေးထွက်ခဲ့သည်။

" Hello "

" အေး ဇွဲ နင်အခု ဘယ်မှာလဲ? "

" ဟင် အေး..... ငါ...... ငါအခု အပြင်မှာ သူငယ်ချင်းတွေနဲ့ "

နင့်  ( Completed ) Where stories live. Discover now