" ဟင့်အင်း ကြယ်လေး လုံးဝလက်မခံနိုင်ဘူး "
" အဲ့ဒါဆို ကြယ်လေးဘယ်ကိုသွားနေမလဲ ကိုတို့က တစ်ယောက်အကြောင်း တစ်ယောက်သိပြီးသား လူတွေပဲ။ ကိုတို့ သုံးယောက်နေပျော်မှာပါ။ "
" ဟင့်အင်း ကြယ်လေးကြောင့် အနှောင့်အယှက်တွေ ဖြစ်မှာကြောက်တယ် နှစ်ယောက်တည်း ပျော်ပျော်နေကြပါ။ ကြယ်လေးအတွက် မစဉ်းစားနဲ့ အိမ်ငှါးနေမှာပါ။ မစိုးရိမ်ပါနဲ့ အိမ်ရှာတုန်းခဏပဲ "
" မဟုတ်ဘူး အိမ်မှာလဲ တစ်ခန်းလွတ်နေတာပဲ ပြီးတော့ ကြယ်လေးလာနေကတည်းက ပျော်ရတယ်။ အမြဲတမ်း အထီးကျန်သလိုခံစားရစေတဲ့ ကို့ရဲ့အိမ်လေး ကြယ်လေးရယ် ညီရယ်ရှိနေတော့ အရာရာပြီးပြည့်စုံသလို ခံစားရတယ်။ တကယ်ပျော်စရာ ကောင်းတယ်။ ကိုတို့ ကြယ်လေးကိုလိုအပ်တယ် "
" ရှင် ? "
" ဟုတ်တယ် ကို့အတွက် ဘုရားကပေးလိုက်တဲ့ ကြယ်စင်ခဆိုတဲ့ ညီမလေးရှိရင် ကို ပျော်တယ်။ ကို ကြယ်လေးကို လိုအပ်တယ်။ ထွက်မသွားပါနဲ့ "
" ကိုဆက်ရယ် "
" ကို့ဘဝမှာ ဘုရားပေးတဲ့ဆုလေးတွေရှိတယ်။ အဲ့ဒါ ကြယ်စင်ခဆိုတဲ့ ချစ်စရာကောင်းတဲ့ ကို့အပေါ် အမြဲနားလည်ပေးတတ်တဲ့ ညီမလေးရယ် ကို သိပ်ချစ်ရတဲ့ ချစ်သူလေး ဇွဲထက်ယံရယ်။ အဲ့ဒီဆုလေးတွေ မဆုံးရှုံးချင်ဘူး မဆုံးရှုံးပါရစေနဲ့ ကြယ်လေးရယ်နော် "
" ကိုဆက် ကျေးဇူးတင်ပါတယ် အကိုရယ် ကြယ်လေးကို အဲ့လောက်ထိ အသိမှတ်ပြုပေးလို့ "
ကြယ်စင်ခ ရတုဆက်၏ လက်တို့ကို မြဲမြဲဆုပ်ကိုင်လိုက်သည်။ အပြုံးများကြားမှ စီးကျလာသော မျက်ရည်တို့သည် ဝမ်းနည်းခြင်းကြောင့် လုံးဝမဟုတ် ။
" အဲ့ လက်ကလေး လွှတ်လိုက်စမ်း မိကြယ်စင် "
ဇွဲထက်ယံ မုန့်ထုပ်တွေမနိုင်မနင်းနဲ့ အိမ်ပြန်လာခြင်းဖြစ်သည်။
" အာ့ဘာဖြစ်နေကြတာလဲ ငါမရှိဘူးဆိုပြီး မပြောချင်ဘူး "
" ဟဲ့ မသာကောင် လာသဝန်တိုမနေနဲ့ ငါက ငါ့အကိုကို ကျေးဇူးတင်ကြောင်း ပြောနေတာ။ ငါ ကာမေသုမိစ္ဆာကံ ကို အသက်နဲ့ရင်းပြီး စောင့်ထိန်းတတ်တဲ့ မိန်းမဟဲ့ "
YOU ARE READING
နင့် ( Completed )
Romanceမချစ်တတ်တဲ့ နှလုံးသားတစ်စုံကို ချစ်တတ်လာအောင် သင်ပေးခဲ့ပြီး ရူးမိုက်တဲ့လမ်းကို မျက်စိမှိတ်ရွေးချယ်စေခဲ့တဲ့ မင်းကို " သတ်ပစ်ချင်လောက်အောင် ချစ်တယ် " ( ရတုဆက် ) ကျွန်တော့်အတွက် ကံကောင်းခြင်းဆိုတာ သူ့အပြုံးကိုမြင်တဲ့အခါတိုင်း " မျက်ရည်ဝဲအောင် ကြည်နူးခ...