နင့် - ၃၇ ( ဇာတ်သိမ်းပိုင်း )

26.8K 1.2K 119
                                    


မိမိ ကြီးပြင်းကျင်လည်ခဲ့တဲ့ ပတ်၀န်းကျင်နဲ့ စိမ်းကားသောနယ်မြေ တစ်နည်းဆိုရလျှင် ကျွန်တော်တို့ မိသားစုရဲ့ ဘ၀သစ်တစ်ခု ပြန်လည်တည်ထောင်ဖို့ နယ်မြေသစ်။ တစ်ချိန်က မိဘအထောက်အပ့ံဖြင့် ကျောင်းတက်ဖို့ဆိုပြီး ရောက်ခဲ့ပေမဲ့ အခုကမတူ ဘ၀သစ်တစ်ခုအတွက် ကြိုးစားရမည် မိသားစုအတွက် ငွေရှာဖွေရမည်။ အပျော်အပါးအတွက်မဟုတ် ၀မ်းရေးအတွက်ရောက်ရှိလာသော ထိုနိုင်ငံသည် ပင်ပန်းမှုအတိ အရာရာခက်ခဲလှသည်။ တစ်ချိန်က ကျွန်တော်သုံးဖြုန်းခ့ဲတ့ဲ ငွေတွေအတွက်အခုချိန် နောင်တရတယ်ဆိုမလား။ မေမေ့ရဲ့ ထောက်ပ့ံမှုအချို့ကြောင့် အိမ်တစ်လုံး၀ယ်နိုင်ခ့ဲပေမ့ဲ နောက်နောင်အသုံးစရိတ်အတွက် ဘယ်သူ့ကိုမှအပူမကပ်ချင် တစ်နေ့တစ်နေ့ ရှာဖွေမတွေ့နိုင်သော အလုပ်တို့ကြောင့် စိတ်ဖိစီးမှုကတိုးလို့လာသည်။ တစ်လအကြာကာလမှာ ကိုဆက်က အလုပ်တစ်ခုရှာဖွေရရှိနိုင်ခ့ဲသော်လည်း ကျွန်တော်ကတော့ ရှာဖွေဆဲ အခြေအနေ။ တစ်စတစ်စ တိုးလာတ့ဲသားရဲ့ အသုံးစရိတ်​က ကျွန်တော်တို့ကို ခြိမ်းခြောက်လာခ့ဲပြန်သည်။ ဒီအချိနိထက်ရတ့ဲအရာက နောင်တဆိုတာပဲ။ မေမေက ပညာကြိုးစားသင်ဖို့ အမြဲတွန်းအားပေးခ့့ဲပေမ့ဲ အမြဲလေလွင့်နေခ့ဲတ့ဲ ကျွန်တော် ဖခင်တစ်ယောက်တာ၀န်အတွက် အရှက်ရမိစေပြန်သည်။

" အခြေအနေ မပေးသေးလို့ပါ အဆင်ပြေသွားမှာပေါ့ ကြိုးစားနေတဲ့လူတစ်ယောက် အတွက် ကြိုးစားမှုက အလကားဖြစ်မသွားပါဘူး"

ဆိုတဲ့ အားပေးစကားကြောင့်သာ ကျွန်တော်ဒီအချိန်ထိ အရှုံးမပေးဖြစ်တာ။

နောက်ပိုင်း ကံကောင်းစွာနဲ့ စတင်တည်ထောင်မ့ဲ ကုမ္ပဏီတစ်ခုရဲ့ အလုပ်ခေါ်ယူမှုမှာ ကျွန်တော်အလုပ်ရရှိခ့ဲတယ်။ အနည်းဆုံးတော့ ကျွန်တော်အလုပ်အကိုင်တစ်ခု အဆင်ပြေလာခ့ဲပြီ။ လူနှစ်ဦးရဲ့ ရှာဖွေမှုအပြင် ကြယ်စင်ခရဲ့ ခြွေတာစုဆောင်းတတ်မှုတွေကြောင့် ကျွန်တော်တို့ စား၀တ်နေရေးအဆင်ပြေလာခဲ့တယ်။ သားကြီးလာရင် ဆိုတ့ဲဆန္ဒနဲ့ ကြိုးစားစုဆောင်းထားတဲ့ အပ်ငွေအချို့လဲ တိုးပွားလာခဲ့တယ်။ ဘယ်လိုပဲ ပင်ပန်းပါစေ သားအတွက်လို့ စဉ်းစားလိုက်ရင် အမောပြေသွားတတ်တယ်။ အနည်းဆုံးတော့ သားကို အရမ်းချမ်းချမ်းသာသာပေါပေါများများ မသုံးစွဲနိုင်ရင်တောင် လူတန်းစေ့မျက်နှာမငယ်အောင် ကြီးပြင်းလာစေချင်တာ။ သားသုံးစွဲသမျှ  အရာအားလုံးဟာ ကျွန်တော်တို့ရှာဖွေပေးထားတာ ဖြစ်စေချင်တာ ဖခင်တစ်ယောက်ရဲ့အတ္တ။

နင့်  ( Completed ) Where stories live. Discover now