နင့္ - ၃၀. Z N U

15.6K 984 26
                                    

" မနေ့က မဇင်မေ ကလေးမီးဖွားတယ်ဆို သွားမမေးဘူးလား ကိုဆက်? "

" အင်း .. ကို သွားမှာ ကြယ်လေးရော "

" ကြယ် လဲ လိုက်မယ်လေ ... မဇင်မေက ကို့လူရင်းပဲ အောင်မြင်မှုကို ဂုဏ်သွားပြုရမယ် ဟီး .. ဟီး .. "

" ညီလဲလိုက်ခဲ့လေ ကိုတို့အဲ့ကအပြန် တစ်ခုခုသွားစားကြရအောင် "

" အဲ့ မဇင်မေဆိုတာနဲ့ ကျွန်တော်မှ သိပ်မရင်းနှိးတာ "

" ကိုတို့နဲ့ရင်းနှီးနေတာပဲဟာ .. မင်းအရင်ကလဲ မဇင် မဇင်နဲ့ တော်တော်ခင်ခဲ့ပါတယ်ကွာ လိုက်ခဲ့ပါ "

" အင်းပါ .... အာ့ဆိုလဲပြီးရော အပြန်တော့ ကျွန်တော်ကြိုက်တာ ဝယ်ကျွေးရမယ် "

" အေးပါကွာ မင်းကလဲ "

" အငတ်ကောင်  "

ဟဲ့ ငါက ငါ့ချစ်သူကိုငါဝယ်ကျွေးခိုင်းတာ နင်က ကြားကဝင်ပြီး ဘာဖြစ်? မနာလိုတာလား ခေး  "

" သေလေ အဲ့နားမှာ လဲသေ "

ကျွန်တော်တို့သုံးယောက် မဇင်မေမီးဖွားရာ ရွှေဗဟိုဆေးရုံသို့ သတင်းမေးရန်ရောက်ရှိခဲ့ကြသည်။ မီးဖွားပြီးစ မဇင်မေကတော့ ကုတင်ပေါ်ပတ်လက်ကလေးလှန်ကာ ဘေးနားရှိ ပုခက်ကုတင်လေးထဲမှာတော့ မွေးကင်းစနီတာရဲ ကလေးသေးသေးလေးရိနေလေသည်။ သူမ၏ မျက်နှာထက်တွင်လဲ ပျော်ရွှင်မှုနှင့်ပီတိတို့အပြည့် အနားရှိ သူမ၏ခင်ပွန်းဖြစ်သူ၏ မျက်နှာထက်တွင်လဲ ပျော်ရွှင်မှုအပြည့်။ သူမတို့၏ ပျော်ရွှင်မှုကလေးက ကျွန်တော်တို့ထံကူးစက်စေတော့သည်။ ကျွန်တော်ချစ်သောကိုဆက် သူ .. ထိုကလေးလေး၏ အနားမှမခွာနိုင် ကလေးငယ်ထည့်ထားသော ပုခက်ကလေးထဲသို့ ငုံ့ကြည့်ကာပြုံးနေလေသည်။ သတင်းလာမေးသည်ဆိုသော်ညား မီးနေသည်လူနာအား စကားတစ်ခွန်း စ နှစ်ခွန်းသာပြောပြီး ထိုကလေးလေး၏ ပုခက်နားမှလုံးဝမခွာ။ ထိုကလေးလေးအား ကိုင်ကြည့်သည် ချော့မြူသည် ပါးကလေးများအား လက်ညိုးလေးဖြင့် တို့ထိကာ ပြုံးရွှင်နေလေရဲ့။ ထိုသို့သော ပီတိအပြုံးမျိုးကျွန်တော်သည်ပင် တခါမှ မမြင်ဖူးခဲ့ပေ။ ပထမဦးဆုံးအကြိမ်အဖြစ် ထိုကလေးငယ်ငယ်လေးအား ကိုဆက်နှင့်ပတ်သက်၍ မနာလိုဖြစ်မိလေသည်။

နင့်  ( Completed ) Where stories live. Discover now