နင့် - ၁၃

22.3K 1.4K 8
                                    

" အကျီင်္ီမြန်မြန်လဲပြီးရင် အမြန်ပြန်ထွက်ခဲ့ ဗိုက်ဆာနေပြီ"

အစောက စိတ်ပျက်စရာ မြင်ကွင်းနဲ့ သူပြောပြလာသော သူ့ဘ၀ ဇာတ်ကြောင်း နားထောင်ရတာ ညမိုးချုပ်သည်အထိ ထမင်းမစားရသေး။ ထို့ကြောင့် ဗိုက်တော်တော်ဆာနေပြီုဖစ်သည်။

နက်ပြာရောင်တီရှပ်နှင့် ဒူးထိသောဘောင်းဘီကို တွဲဖက်ဝန်ဆင်ထားသော ရတုဆက်ပုံစံက ရိုးရှင်းပြီးကြည့်ကောင်းနေပြန်သည်။ ထို့နောက် ကျွန်တော် ၀ယ်လာသော ပစ္စည်းတွေကို စတင်ချက်ပြုတ်နေသည့်ပုံက ကျွမ်းကျင်လွန်းသူပီသလှသည်။ သူ့ဘ၀တစ်လျှောက် သူဒီလိုနစ်ယောက်တည်း ချက်ပြုတ်စားသောက်ခဲ့သည် ဟူသော အသိက ရင်ကိုဆူး၍အောင့်စေပြန်သည်။ တစ်ယောက်တည်း ချက်ပြုတ်နေသောသူ့ကို ကူညီရန် သူ့အနားဖြည်းဖြည်း တိုးကပ်လိုက်သည်။

ကျွန်တော့်ကို ကူညီမည်ဟူ၍ အနားရောက်လာသော ထိုကောင်လေး အရာထင်ထင် ကူညီသည်ဟူ၍ ဘာမျှမရှိ။ ကြက်သွန်နီခွာခိုင်းတော့ ငိုသည် ၊ ငရုတ်သီးထောင်းခိုင်တော့ လက်ညောင်းသည်တဲ့ အရွက်တွေဆေးခိုင်းတော့ ဆေးသည်ဆိုတာထက် ရေထဲမှာ ဖိချေနေသည်။ ထိုမျှမက ကျွန်တော်ချက်ပြုတ်နေသည့် အိုးထဲမှ နှိုက်နှိုက်စားနေသော ထိုကောင်လေးက ကျွန်တော်ပေးထားသော ဂြိုလ်သားဆိုသည့် နာမည်နှင့် လိုက်ဖက်လွန်းသည်။ ကျွန်တော် ထိုဂြိုလ်သားရန်မှ ကာကွယ်ရင်း ဟင်းချက်သည့်အစီအစဉ် အောင်မြင်ခဲ့သည်။

ကျွန်တော်တို့၂ယောက် ထမင်းစားပွဲရှေ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ကျွန်တော်ချက်ထားသည်ကို မှိန်ရည်ချက်ရည် သုံးဆောင်နေပြန်သည်။ အတော်အတန်ကြာသည်အထိ ထမင်းကိုသာ အကြိတ်အနယ်စားနေကြသဖြင့် စကားသံတို့ တိတ်​ဆိတ်​နေသည်။
ခဏအကြာမှ သူ့ဘက်က စကားစလာသည်။

" မင်းအမေ သေတဲ့ကိစ္စ မစုံစမ်းဘူးလား "

" ဟင့်အင်း ငါမစုံစမ်းခဲ့ဘူး "

" မင်းအမေ ကားတိုက်ခံရတာမဟုတ်လား? အဲ့ ကားနဲ့တိုက်သွားတဲ့သူကို မင်းစုံစမ်းခဲ့သင့်တာပေါ့ "

" အဲ့အချိန်က ကို အဲ့လိုတွေးဖို့ အရမ်းငယ်လွန်းခဲ့တယ်လေ။ နောက်ပြီး ကို့ခေါင်းထဲ ပိုက်ဆံဆိုတာပဲ အမြဲရောက်နေခဲ့တာ "

နင့်  ( Completed ) Where stories live. Discover now