နင့္ - ၃ ( Z & U )

23.5K 1.8K 1
                                    


Unicode Version

ကျွန်တော် ထို ဇွဲထက်ယံ ဟူသော ကောင်လေးကို အစောထဲကသတိပြုမိပြီးဖြစ်သည်။ မနေ့က ကျွန်တော့်ထံ ထိုကောင်လေး၏ Personal Fileနှင့်တကွ Interview ခံရခြင်းအလျင်းမရှိဘဲ အလုပ်ခန့်ပြီးပါပြီ။ Marketing Department မှာ မနက်ဖြန် အလုပ်စလုပ်ပါလိမ့်မယ်ဆိုပြီး အမိန့်စာရောက်လာတည်းက သတိပြုမိသည်။

မနက်အစည်းအဝေးကြောင့် ကျွန်တော်အလုပ်ကို အစောရောက်နေခဲ့သည်။ ကျွန်တော် အစည်းအဝေးခန်းရှိရာသို့ သွားရင်း ဈေးကြီးလှသောကားအကောင်းစားတစ်ခု Company ရှေ့ Car Parking တွင် ထိုးရပ်လိုက်သည်ကို အမှတ်မထင် မြင်လိုက်ရသည်။ ထိုကားပုံစံမျိုး အရင်က Company မှာ မတွေ့ဖူးခဲ့သောကြောင့် ဆက်ပြီးစပ်စုမိသည်။ ကားအကောင်းစားထဲမှ ကျော့မော့စွာ ထွက်လာသော ထိုကောင်လေးကို ဦးနှောက်မှ အလိုအလျောက် မှတ်သားပြီးဖြစ်သည်။

ကျွန်တော်အစည်းအဝေးပြီးလို့ ဋ္ဌာနသို့ပြန်ရောက်သောအခါ ကျွန်တော့်ကို ဝါးစားမတတ်ကြည့်နေသော ထိုကောင်လေးကို ထပ်တွေ့လိုက်ရပြန်သည်။ ထိုကောင်လေး၏ အကြည့်တွေက ကျွန်တော့်တစ်ကိုယ်လုံးကို သေချာလေ့လာနေသယောင်။
မရှည်လွန်းသော အရပ်အမောင်းနှင့် ဖြူစွတ်စွတ် အသားအရောင်ပိုင်ဆိုင်ထားပြီး အတော်ကြည့်ကောင်းသော မျက်နှာကိုပိုင်ဆိုင်ထားသော ထိုကောင်လေးသည် ကောင်မလေးတွေကြား အတော်ရေပန်းစားမည့် ရုပ်ရည်မျိုး။ ချောမောသော မျက်နှာ၏ နှဖူးထပ် ဝဲကျနေသော အညိုဖျော့ဖျော့ ဆံပင်များက ထိုကောင်လေးကို ရှိရင်းစွဲအသက်ထက် ပိုငယ်စေသယောင်ယောင်။ ထိုကောင်လေး၏် စူးရှသောမျက်လုံးအစုံမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေသည်။

ကျွန်တော်သူနှင့်စကားပြောကြည့်တော့ သူ့ကိုသူ ဘယ်သူဘယ်ဝါ သူဘယ်လိုဒီCompanyကို ဘယ်လိုပိုင်ကြောင်း ပြောပြချင်သည့်ပုံ။ ပြောပြချင်သည်ဆိုတာထက် သူ့အပေါ်ဘယ်သူမှ မကြောနိုင်အောင် ဖိအားပေးချင်သည့်ပုံ။ ကျွန်တော်ကလဲ အဲ့လိုဖိချင်ပေါ်ကြော့နေချင်သူတွေဆို လုံလုံးမှ ကြည့်မရ။ ကျွန်တော် ဂရုမစိုက်သည့်ပုံပြောတော့ သူ့စိတ်ထဲ ဘယ်လိုဖြစ်သွားသလဲဆိုတာ သူမပြောပြသော်လည်း သရုပ်ဆောင်မှုအားနည်းသော သူ့မျက်နှာမှာပေါ်နေသည်။ ကျွန်တော် အဲ့လိုလူမျိုးတွေတွေ့ရင်တော့ အတော်ကို အာရုံနောက်တာ။

နင့်  ( Completed ) Where stories live. Discover now