မနက်ခင်း၏ အားကောင်းသော အလင်းရောင်များ ဇွဲ၏မျက်နှာသို့ အပြိုင်အဆိုင်ဖြာကျနေကြသည်။ မူးနောက်နေသော ခေါင်းကို တစပ်စပ်ထုရင်း မျက်လုံးတွေကို အားယူပြီးဖွင့်လိုက်သည်။ မရင်းနှီးသော အခန်းပုံစံ ကျွန်တော်ရှိနေသည့် နက်ပြာရောင် အိပ်ယာခင်း နှင့် ရိုးရှင်းပြီး သပ်ရပ်သော အခန်းပုံစံက Hotelတစ်ခုမဟုတ်။ မူးပြီး Clubထဲ ပေါက်ကွဲနေမိတာပဲ မှတ်မိသည် အခုက ဘယ်နေရာရောက်နေလဲ ကျွန်တော်မသိ။ ပြန်ပေးဆွဲတာများ ခံရတာလား? ပြန်ပေးဆွဲခံရတာဆိုရင်လဲ အခုလိုသေချာနေခွင့်ပေးမှာတော့ မဟုတ်ဘူး။ အခန်းထဲ သေချာကြည့်မိမှ တွေ့ပြီ ကုတင်ခေါင်းရင်းနားက စားပွဲခုံပေါ်မှာ စာတစ်စောင်။" ဇွဲ ညီလေး ဒါကိုဆက်ရဲ့ အိမ်ပါ။ အကိုခု မနက်စာသွားဝယ်နေတယ် ငါ့ ညီနိုးလာရင် ရေခဲသေတ္တာထဲမှာ သံပုရာရည်ကို ပျားရည်လေးနဲ့ဖျော်ထားတာရှိတယ် ယူသောက်လိုက် ခေါင်းနောက်ပြေအောင် "
ဒါဆို ခုဒါ ကိုဆက်ရဲ့အိမ်ပေါ့ မနေ့က ဘယ်လိုများ ကိုဆက်နဲ့တွေ့တာပါလိမ့် ဒါဆို ကိုဆက်လဲ Clubတက်တတ်တယ်ပေါ့ ဟား ဟား....
စိတ်ထဲမှာရေရွတ်လိုက်မိသည်။ အခန်းထဲက ထွက်တော့ ယောကျာၤးတစ်ယောက်နေသည့် အိမ်လို့ မယုံနိုင်လောက်အောင် သပ်ရပ်သောအိမ်ခန်းသည် ကိုဆက်ရဲ့ သပ်ရပ်သေသပ်စွာ နေထိုင်တတ်သော စရိုက်ကို ပိုပေါ်လွင်စေသည်။ မီးဖိုးခန်းထဲမှာ သေသပ်စွာ စီရီထားသော အိုးခွက်ပန်းကန်အချို့ ခေါက်ဆွဲခြောက်ထုတ်တွေ ဘူးတွေနဲ့ ရေခဲသေတ္တာထဲမှာတော့ မိန်းမတွေရှိသည့် အိမ်ကဲ့သို့ တို့တိတို့တိလေးများ ရှိမနေ အသီးအချို့ရှိသည် ရေပုလင်းနှင့် Beerဘူး အချို့ရှိသည်။ ကြက်ဥလေးတွေနဲ့ Cheese ဘူးလေးသာရှိသည်။ ကိုဆက်နေထိုင် စားသောက်တဲ့ပုံစံပေါ့လို့ တိတ်တဆိတ်ရေရွတ်လိုက်မိသည်။ကိုဆက်ဖျော်ပေးခဲ့သော သံပုရာရည်သည် နောက်ကျိနေသော စိတ်တို့ကို မောင်းထုတ်ပေးခဲ့သည်။ ထို့နောက် အိမ်ရှေ့မှ တံခါးဖွင့်သံနှင့်အတူ အထုတ်အချို့ဆွဲပြီး ဝင်လာသော ကိုဆက်
" ညီ နိုးနေပြီလား သံပုရာရည်ရော သောက်ပြီးပြီလား?"
" ကိုဆက်က ကျွန်တော့်ကို သတ်နေတာပဲ "
YOU ARE READING
နင့် ( Completed )
Romanceမချစ်တတ်တဲ့ နှလုံးသားတစ်စုံကို ချစ်တတ်လာအောင် သင်ပေးခဲ့ပြီး ရူးမိုက်တဲ့လမ်းကို မျက်စိမှိတ်ရွေးချယ်စေခဲ့တဲ့ မင်းကို " သတ်ပစ်ချင်လောက်အောင် ချစ်တယ် " ( ရတုဆက် ) ကျွန်တော့်အတွက် ကံကောင်းခြင်းဆိုတာ သူ့အပြုံးကိုမြင်တဲ့အခါတိုင်း " မျက်ရည်ဝဲအောင် ကြည်နူးခ...