နင့် - ၂၂ Z N U

16.9K 1.1K 40
                                    

" အချစ်ထက်မကတဲ့ ခံစားချက်ဆိုတာကို မင်းသိလား ညီ ?
ကို့ခံစားချက်က အဲ့လိုမျိုး ပြောမပြတတ်အောင် အချစ်ထက်မကအောင် ချစ်တာ "

" ညီ ကို့အနားက လုံးဝထွက်မသွားရဘူးနော် အဲ့ဒါ ကို့ရဲ့ တစ်ခုတည်းသော အတ္တပဲ
ကို့အတွက် ညီ ကို့အနားရှိဖို့ပဲလိုတာ ကျန်တာ ဘာမှမလိုဘူး။ ညီ့ အပြုအမူတွေအရင်လို မနွေးထွေးတော့ပေမဲ့ အနားမှာရှိနေလို့ ကို ကျေနပ်တယ် သိလား? ချစ်​တယ်​ "

နဖူးထက် ကျရောက်လာသည့် နွေးထွေးသော အနမ်းနှင့်အတူ အောင့်သက်သက် ခံစားရသော ဘယ်ဘက်ရင်အုံမှ ခံစားချက်တစ်ခု။ နှလုံးသားသည် ထိုခံစားချက်နှင့်အတူ စည်းချက်ကျစွာကခုန်လျှက်။ လောကမှာ ကျွန်တော် အချစ်ခံရဖူးပြီဟူသော ခံစားချက်က ရင်ကိုအေးမြစေသည်။

.......................💔💔💔 နင့် 💔💔💔...................

နောက်တစ်နေ့ညနေ ကြယ်စင်ရောက်လာတော့ အကျီင်္ီ နှင့် သူ့အသုံးအဆောင် ပစ္စည်းအချို့လဲလှယ်ယူဖို့ဟု၍ သူအိမ်ပြန်သွားခဲ့သည်။ ကျွန်တော် နဲ့ ကြယ်စင် နှစ်ယောက်တည်းရှိချိန် ကျွန်တော်ဒီစကားကို ကြယ်စင့်အားမေးချင်သည်။ သို့သော် ကျွန်တော်ချစ်ရသူမို့ အမေးစကားတို့အား ပြောမထွက်။

" နင်ငါ့ကိုတစ်ခုခု မေးချင်နေတယ်မို့လား ဇွဲ ? "

" နင်ဘယ်လိုလုပ်သိတာလဲ ? 😁 "

" နင်နဲ့ငါ ငယ်ငယ်ကတည်းက ပေါင်းလာတာ နင့်ဗိုက်ထဲအူဘယ်နှစ်ခွေရှိတယ်ဆိုတာက အစ ငါသိတယ် ပြော ဘာတုန်း "

" ငယ်ငယ်ကတည်းကနေ အခုထိရော နောက်ရော ဆက်ပေါင်းရအောင် ငါနဲ့လက်ထက်လိုက်ပါလားဟင် "

" မသာ 😡 ပြောစရာရှိတာပြော $ ခွက်ပြောင်မနေနဲ့ "

" $ခွက်ပြောင်တာမဟုတ်ဘူး တကယ်ပြောတာ "

" တော်စမ်းပါဟာ ငါ ငါးပါးသီလမှာ ကျနိတာမလုံရင်မလုံမယ် ကာမေသုမိစ္ဆာကံတော့ ဘယ်တော့မှ မကျူးလွန်ဘူး ကြားလား? ​ပြောစရာရှိတာပြောဟယ် "

" အရင်က ငါနဲ့ကိုရတုဆက်အကြောင်း နင်သိသလောက်ပြောပြပါလား "

" နင်ပဲအရင်က ငါပြောပြတော့ မသိချင်ဘူးဆို အခုသိချင်သွားပြီလား ? "

နင့်  ( Completed ) Where stories live. Discover now