တီး ~ တောင် ~ တီး ~ တောင် ~
" မနက်စောစောစီးစီး ဘယ်သူလဲကွာ "
" သွား ... ကိုဆက် တံခါးသွားဖွင့်ချေ "
ဇွဲထက်ယံတစ်ယောက် ခြုံထားသော စောင်ကိုပင် ခေါင်းထိအောင်ဆွဲခြုံလိုက်သည်။ လက်တစ်ဖက်ကလဲ ရတုဆက်ကိုတွန်းလွှတ်နေလေသည်။ အဆက်မပြတ် မြည်နေသော လူခေါ်ဘဲလ်သံကြောင့် ရတုဆက် အိပ်ယာမှထကာ တံခါးသွားဖွင့်ရတော့သည်။
" ကြယ်လေး ? "
" ဘယ်လိုဖြစ်တာလဲ ကြယ်လေး စောစောစီးစီး "
ကြယ်စင်ခ ခရီးဆောင်လက်ဆွဲအိတ်ကြီးတစ်ခု အိတ်အလတ်တစ်ခုဆွဲကာ အိမ်ထဲသို့ဝင်လိုက်သည်။ ရတုဆက်ကတော့ တစ်အံ့တစ်သြ
" အိမ်ပေါ်က ဆင်းလာတာ ကိုဆက် "
" ဟင်? ဘယ်လိုဖြစ်ရတာတုန်း "
" ကြယ်လေး ဖေဖေနဲ့ဘယ်လိုမှ အတူဆက်မနေနိုင်တော့ဘူးထင်လို့။ ဖေဖေက အရမ်း စိတ်ပျက်ဖို့ကောင်းတယ် ကိုဆက်ရယ် ကြယ်လေး အဲ့ဒါတွေထက်ပြောရင် ငိုမိလိမ့်မယ် မပြောချင်သေးဘူး နောက်မှပြောပြလို့ဖြစ်မလားဟင်? ကြယ်လေး ဒီမှာ ခဏလောက်ဖြစ်ဖြစ်နေလို့ရမလားဟင်? "
" ဟာ ... ရပါတယ် နောက်မှပြောပြပေါ့ ကြယ်လေး တစ်ခုခုဆို ကို့ကိုရင်ဖွင့် တိုင်ပင်လို့ရတယ်နော် တသ်ယောက်ထဲမခံစားနဲ့နော် ညီလဲရှိတာပဲ "
" အင်း ... ကျေးဇူးပါပဲ ကိုဆက်ရယ် ဒါနဲ့ ဟို အကောင်ရော သေတုန်းလား "
" အင်း "
" မနက်မိုးလင်းနေပြီ ဒီအချိန်ထိ အိပ်နေလို့ဖြစ်မလား? ၁၀နာရီကျော်နေပြီ ဘယ်အခန်းလဲ ကိုဆက် ဟိုဘက်လား "
ကြယ်စင်ခ ပြောပြောဆိုဆိုနဲ့ အခန်းဘက်လျှောက်သွား ခဲ့သည်။ ရတုဆက်အဖြေကိုမစောင့်သလို ရတုဆက် တားဆီးချိန်မရလိုက်ပေ။ အနောက်မှပင် အပြေးအလွှား လိုက်ရုံမှအပါး
" အားးး "
ဝုန်း ~
" ဘယ်လိုတွေဖြစ်နေကြတာလဲ ? "
အကျီႌ မပါပဲ ကုတင်ပေါ် စောင်မပေါ်တပေါ်ခြုံကာ ပက်လက်ကြီးအိပ်ပျော်နေသော ဇွဲထက်ယံအား မြင်၍ ကြယ်စင်ခ အကြီးအကျယ်ရှက်သွားပုံပေါ်သည်။ မျက်နှာတစ်ခုလုံး ရဲရဲတောက်နေလေသည်။ ထိုအခါမှ ဇွဲထက်ယံ တစ်ယောက် အနီးအနားရှိ အဝတ်တွေကောက်စွတ်ကာ အခန်းအတွင်းမှ ပြာပြာသလဲ ထွက်ချလာသည်။ ရတုဆက်ကတော့ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ သွေးရူးသွေးတန်းပင်။
YOU ARE READING
နင့် ( Completed )
Romanceမချစ်တတ်တဲ့ နှလုံးသားတစ်စုံကို ချစ်တတ်လာအောင် သင်ပေးခဲ့ပြီး ရူးမိုက်တဲ့လမ်းကို မျက်စိမှိတ်ရွေးချယ်စေခဲ့တဲ့ မင်းကို " သတ်ပစ်ချင်လောက်အောင် ချစ်တယ် " ( ရတုဆက် ) ကျွန်တော့်အတွက် ကံကောင်းခြင်းဆိုတာ သူ့အပြုံးကိုမြင်တဲ့အခါတိုင်း " မျက်ရည်ဝဲအောင် ကြည်နူးခ...