Zawgyi>>>
Baekhyun ကို Luhan hyung ခေါ်လို့လာခဲ့ရသည် Luhan hyung ကသူ့အစ်ကိုဝမ်းကွဲလေ hyung ကသူ့ကိုဂရုစိုက်ပါတယ် ညီအရင်းတစ်ယောက်လိုလဲသဘောထားတယ် Appa ညီရဲ့သားလေ
Appa?သူနဲ့ဘာမှမသက်ဆိုင်ဘူးလို့ သတ်မှတ်ထားခဲ့သူတစ်ယောက်....အမေဆုံးပြီးနောက်သူ့ကိုပစ်ပြီး နောက်မိန်းမနဲ့သူ့ရွယ်တူကလေးတစ်ယောက် ပေါ်လာခဲ့တယ် သူလား?စိတ်မကောင်းမဖြစ်သလို ဒေါသလဲမထွက်ဘူး...
ကံကောင်းတယ်ပြောရမလား စည်းစိမ်တစ်ဝက်ထားခဲ့တာမို့
သူ yeol ကိုတောင်ဝယ်ခဲ့နိုင်တယ်လေ သူ့ဘဝမှာ yeol အပြင်ဘယ်သူမှမရှိဘူး လိုလဲမလိုအပ်ဘူး..."Luhan hyung ဘာကိစ္စရှိ...."
ပြောမဲ့စကားတွေကို အလိုအလျောက်ရပ်တန့်သွားစေသည်က Luhan hyung ဘေးမှာထိုင်နေတဲ့သူကြောင့်... J?
J ဆိုတာ appa ရဲ့နောက်မိန်းမနဲ့ရတဲ့သား Luhan hyung ကိုကြည့်တော့လည်း အားနားတဲ့မျက်ဝန်းတွေနဲ့ သူ့ကိုပြန်ကြည့်နေလေရဲ့...စိတ်ရှုပ်ထွေးစွာသက်ပြင်းချမိသည်
"Hey!မတွေ့ရတာကြာပြီနော်"
"ငါ့အတွက်တော့မင်းနဲ့တွေ့တာ
ကောင်းသောတွေ့ဆုံခြင်းမဟုတ်ဘူး"Baekhyun ပြောတော့ J မဲ့ပြုံးတစ်ခုသာပြုံးသည်....
"ကိစ္စမရှိရင်လဲကျွန်တော်ပြန်တော့မယ် hyung"
"နေပါဦး Byun baekhyun ရဲ့"
Baekhyun လှည့်ကြည့်သည်မဆိုသာ ရပ်ရုံသာရပ်နေသည်...အဲ့ကောင်ကအဲ့လိုပဲ ကိုယ့်ထက်သုံးနှစ်ကြီးတဲ့သူကို လေးစားရမယ်မှန်းလဲမသိဘူး...အင်းပေါ့လေ...မယားငယ်ရဲ့သားဆိုတော့လည်း ဒီလောက်အဆင့်ပဲရှိမှာပေါ့.....
"Appa ကမင်းအဆင်ပြေရဲ့လား?နေကောင်းရဲ့လားလို့ ငါ့ကိုမေးခိုင်းလိုက်လို့"
"သူမရှိတဲ့နေရာဆိုဘယ်နေရာဖြစ်ဖြစ် ငါအဆင်ပြေတာမို့ over တွေရပ်ပြီးသက်တောင့်သက်သာနေလို့ပြောလိုက်"
J လှောင်သလိုရယ်သည်... အဲ့ဒါကသူတို့သားအမိရဲ့ စိတ်ပျက်စရာအကျင့်... ဘာပဲဖြစ်ဖြစ်ပါလေ ဒါကသူ့အတွက်အရေးပါတာမှမဟုတ်ဘဲ...
ŞİMDİ OKUDUĞUN
*CAGE*
Hayran KurguYes,My Lord... (warning: Chanyeol uke Read at your own risk ) ဒါကကျွန်တော်တို့ရဲ့ပထမဆုံး Fic လေးဖြစ်တဲ့အတွက် အရေးအသားအတွက်တောင်းပန်ချင်ပါတယ် အမှတ်တရလေးမို့လို့ ထားချင်သေးတာကြောင့် မဖျက်ပဲထားလိုက်ရတာပါ ဖြစ်နိုင်ရင်တော့မဖတ်တာပိုကောင်းပါတယ် အမှတ်တရထ...