Zawgyi>>>
Hyun ရဲ့တောက်ခေါက်သံက သူနားထဲ သံရည်ပူတွေလိုကျဆင်းလာတယ် သူပခုံးမှ ခပ်တင်းတင်းဆွဲဆုပ်ကာ ဘေးကိုတွန်းလိုက်တာမို့ နံရံနားကိုယိုင်ကျသွားရသည်
Hyun ကတော့ ထိုဦးလေးကြီးကို ထိုးကြိတ်နေတာ သွေးတွေပင် မြင်မကောင်း...
Chanyeol သွားမဆွဲရဲပါ..နံရံထောင့်တစ်နေရာမှာ ကုတ်ကုတ်လေးထိုင်နေမိတယ် သူ Hyun ရဲ့ဒေါသကို သေမတတ်ကြောက်ပါသည်..
အခုဟာက Hyun သေချာမှာထားတဲ့ကြားက အဲ့လိုဖြစ်သွားတာမဟုတ်လား?
အရင်ထဲက သူများနဲ့ရယ်ရယ်မောမော စကားပြောတာတောင်ခွင့်မပြုခဲ့တဲ့ Hyun က သူ့ကိုအခြားသူဖက်ထားတာကိုတွေ့တော့...
သူတကယ်ကြောက်နေမိတယ် ခြေဖျားလက်ဖျားတွေပါ အေးတဲ့အထိပေါ့ ငယ်ငယ်ကတည်းက Hyun ကိုကြောက်တာ အခုထိသူ့အတွက် မပျောက်နိုင်သေးပါ...
hyunကို ကြည့်တော့ ရပ်သွားပြီးကျွန်တော့်ဘက် လျှောက်လာနေပြီ ဟိုလူကြီးကတော့ သွေးအိုင်ထဲ သတိပင်လစ်နေလေရဲ့
ကျွန်တော့်ရှေ့ Hyun ရှေ့ရောက်လာတာမို့ မျက်လုံးစုံမှတ်လိုက်သည် ကျွန်တော်ကြောက်တယ် ဒါပေမဲ့ မလွန်ဆန်ရဲဘူး
"လိုက်ခဲ့!"
Hyun ရဲ့ခက်ထန်တဲ့အသံကြောင့် ကျွန်တော်လန့်ဖြန့်သွားရတယ် ဒါပေမဲ့ ကျွန်တော့်ခြေထောက်တွေကတော့ Hyun နောက်ထပ်ကြပ်မကွာ လိုက်လာခဲ့သည်...
Hyun ကအခန်းထဲရောက်တော့ တံခါးကို lock ချပစ်လိုက်တယ် ပြီးမှ ကျွန်တော့်ဆီလျှောက်လာကာ ကျွန်တော့်မျက်နှာထက် လက်သီးပြင်းပြင်းတစ်ချက်...
"ပြော!မင်းရဲ့ရှင်းပြချက်ကို ငါအရင်ကြားချင်တယ်! ပြောလေ!"
"ကျွန်တော် မ..မသိဘူး Hyun သွားမှ သူ...သူ ဝင်လာပြီး ရုပ်..ရုပ်တရက်..."
"အဲ့တော့..မင်းကမရုန်းဘူးလား!ဟမ်?!"
Hyun တစ်ချက်အော်လိုက်တိုင်း ကျွန်တော့်ကိုယ်လေး တုန်တက်သွားရတယ် ကျွန်တော်တကယ်ကြောက်လွန်းလို့ ခြေထောက်တောင်မခိုင်ချင်တော့ဘူး
YOU ARE READING
*CAGE*
FanfictionYes,My Lord... (warning: Chanyeol uke Read at your own risk ) ဒါကကျွန်တော်တို့ရဲ့ပထမဆုံး Fic လေးဖြစ်တဲ့အတွက် အရေးအသားအတွက်တောင်းပန်ချင်ပါတယ် အမှတ်တရလေးမို့လို့ ထားချင်သေးတာကြောင့် မဖျက်ပဲထားလိုက်ရတာပါ ဖြစ်နိုင်ရင်တော့မဖတ်တာပိုကောင်းပါတယ် အမှတ်တရထ...