Zawgyi>>>
သစ်ရွက်ငယ်လေးတွေက
လေပြေညှင်း ရဲ့ခေါ်ဆောင်ရာကို
ရွေ့လျားပေးသည်...အသီးအပွင့်လေးတွေက
သစ်ကိုင်းတွေရဲ့ပျိုးထောင်ရာမှာ
ဖူးပွင့်ကြသည်...ရေပြာလေးတွေက
ချောင်းလေးရဲ့လမ်းကြောင်းအတိုင်း
စီးဆင်းကြသည်...ကျွန်တော်ချစ်ရသောသူသည်
ကျွန်တော့်စကားအတိုင်း
တစ်သွေမသိမ်းလုပ်တတ်သူဖြစ်သည်...သို့သော်...
သစ်ရွက်လေး ပျောက်ကွယ်သွားချိန်...
ရေပြာလေးတွေ ခမ်းခြောက်သွားချိန်...
သူသာကျွန်တော့်ဘေးမရှိတော့ချိန်....လေပြေညှင်းလေးဦးတည်ရာမဲ့သွားမည်..
စမ်းချောင်းလေး ရဲ့လှပမှုပျက်ဆီးသွားမည်.
ကျွန်တော်ဆိုသည့်သူလည်း ထာဝရပျောက်ကွယ်သွားနိုင်ပါသည်....သစ်ရွက်လေးမပျောက်အောင်
ဆုပ်ကိုင်ထားမိသည်...ရေပြာလေးမခမ်းခြောက်ရအောင်
ထိန်းသိမ်းထားမိသည်...သူကျွန်တော့်နားအမြဲရှိအောင်
ဖမ်းချုပ်ထားမိသည်ဆိုပါလျှင်....အတ္တကြီးသော..
တဇွတ်ထိုးပြုမူသော...
မိုက်ရူးရဲဆန်သော...ကျွန်တော်ဖြစ်ခဲ့ရင်တောင်မှ သူကျွန်တော့်နားဆက်ရှိနေရင်ပဲ
ကျွန်တော့်ဘဝပြီးပြည့်စုံနေပြီ...ဒါကြောင့်မို့ သူကိုကျွန်တော် တစ်ကိုယ်ကောင်းဆန်စွာ အနားမှာထားပါရစေလား...
"Hyun..."
ရင်ခွင်ထဲကကောင်လေး၏အသံကြောင့်
ငုံ့ကြည့်မိတော့ ကလေးကအပြစ်ကင်းစင်စွာပြုံးပြနေတယ်.
.."ကျွန်တော် အမှားလုပ်မိရင်အပစ်ပေးမှာလား?"
"Yeol ကဘာအမှားလုပ်ထားလို့လဲ?"
"ဟင့်အင်း ဒီတိုင်းမေးကြည့်တာပါ"
"Yeol ကိုဘာအမှားပဲလုပ်လုပ် ကိုယ်ခွင့်လွှတ်နိုင်တယ် ဒါပေမဲ့ ...."
သူ့ရဲ့ ဆံပင်လေးတွေကိုဖွကာ စိုက်ကြည့်ရင်း စကားဆက်သည်...
"ကိုယ်ပိုင်ဆိုင်တဲ့ မင်းကိုအခြားတစ်ယောက်က ထိဖို့မပြောနဲ့မျက်လုံးနဲ့တောင် လှမ်းမကြည့်စေချင်ဘူး "
YOU ARE READING
*CAGE*
FanfictionYes,My Lord... (warning: Chanyeol uke Read at your own risk ) ဒါကကျွန်တော်တို့ရဲ့ပထမဆုံး Fic လေးဖြစ်တဲ့အတွက် အရေးအသားအတွက်တောင်းပန်ချင်ပါတယ် အမှတ်တရလေးမို့လို့ ထားချင်သေးတာကြောင့် မဖျက်ပဲထားလိုက်ရတာပါ ဖြစ်နိုင်ရင်တော့မဖတ်တာပိုကောင်းပါတယ် အမှတ်တရထ...