Ep:9

8.8K 442 0
                                    

Zawgyi>>>

Baekhyun Yeol အတွက်ဆေးဝယ်ပြီး ပြန်လာတော့ မနက် 9:00 ထိုးနေပြီ ဒီအချိန်ဆို yeol နိုးလောက်ပြီ yeol ကအစောကြီးထနေကြ...သူ့ကြောင့်သာ..

ဟူး...အိမ်ပြန်ရောက်ရင်တော့ yeol ကိုချော့ရမယ် သူစိတ်ဆိုးလောက်ပါတယ်လေ ကျွန်တော်က သူ့အပေါ်...

တကယ်ပဲဘာလုပ်ရမယ် မသိတော့ဘူး yeol စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ? Yeol ကတစ်ခါမှ သူ့ကိုစိတ်မဆိုးဖူးဘူး...

သူပြောသမျှနားထောင်ပြီ ခေါင်းငြိမ့်တတ်တဲ့သူမျိုး... သူနာကျင်အောင်လုပ်ရင်လည်း အပြစ်တစ်ခွန်းမဆိုခဲ့ "ကျွန်တော့်အမှားပါ" လို့အမြဲပြောတတ်တဲ့ ကောင်လေး...

♬oh i don't wanna let you go....♬

"Hello chen ပြော.."

"Hello Baekhyun...မင်းအခုအိမ်မှာလား?"

"ဟင့်အင်း လမ်းမှာ ဘာဖြစ်လို့လဲ "

Chen ကသူ့သူငယ်ချင်းလေ သူ့ဘေးအိမ်မှာနေတာပါ ဒါပေမဲ Yeol ကိုတော့ chen တစ်ခါမှမမြင်ဘူးခဲ့...

Chen ကိုတောင် သူ yeol ကိုမမြင်စေချင်ပါ..ဟုတ်တယ်..သူ့အတွက် yeol ကအဲ့လောက်ထိအရေးပါတယ် မဟုတ်ဘူး အဲ့ထက်ပိုပါတယ်...

"အာ့ဆို အခုပြန်လာခဲ့တော့ မင်းတို့အိမ်ကို Park young min ရောက်နေတယ်"

"ဘာ!"

Chen စကားအဆုံး baekhyun ပူထူသွားရတယ် Park..Park young min ဆိုရင်....Yeol ရဲ့..Yeol ရဲ့အဖေလေ...

မဖြစ်ဘူး Yeol သူ့ကိုတွေ့သွားလို့မဖြစ်ဘူး သူ Yeol ကိုပြန်လာခေါ်တာပဲဖြစ်မှာ တကယ်လို့..တကယ်လို့ Yeol သာလိုက်သွားရင်...

မရဘူး..ဟင့်အင်း...Yeol သူ့နားကထွက်မသွားရဘူး..Yeol ဆီအမြန်သွားရမယ်..ဟုတ်တယ် yeol အဲ့လူကိုမမြင်အောင်လုပ်ရမယ်...

Baekhyun စိတ်တွေအရမ်းပူနေပြီ...Yeol သူ့ကိုထားသွားမလားဆိုတဲ့အသိက
...သူ့နှလုံးသားကို နင်းချေနေသလို...

Yeol အချစ်ကိုယုံပါသည်...သို့သော် သူလောလောလတ်လတ် နှိပ်စက်ထားတာ Yeol ကိုယ်မှာ ဒဏ်ရာတွေအပြည့်...

Yeol သူ့ကို စိတ်ဆိုးပြီး လိုက်သွားရင် ဘယ်လိုလုပ်မလဲ? အဲ့အခါကျရင် သူသေရလိမ့်မယ်...

*CAGE*Tempat cerita menjadi hidup. Temukan sekarang