Zawgyi>>>
မင်းကသာ လမင်းကြီးဆိုရင်
ကိုယ်ကကြယ်ကလေးဖြစ်ချင်မိတယ်
ကိုယ်တို့အမြဲအတူရှိနေရအောင်လို့လေမိုးသည်းတဲ့ညတွေရှိနေပေမဲ့ပေါ့...
မင်းကသာ ပန်းပွင့်လေးဆိုရင်
ကိုယ်ကပျားလေးတစ်ကောင်ဖြစ်ချင်မိတယ်
မင်းနှုတ်ခမ်းချိုချိုလေးကို သုံးဆောင်ခွင့်ရနိုင်တယ်လေ...အခြားပျားတွေကို တိုက်ခိုက်ရင်းပေါ့...
မင်းကသာ သစ်ပင်လေးတစ်ပင်ဆို
ကိုယ်ကအဲ့သစ်ပင်ဘေးမှာရှိတဲ့
လမ်းလေးတစ်ခုဖြစ်ချင်မိတယ်
ကြွေကျလာတဲ့သစ်ရွက်လေးတွေကို ကိုယ်ပိုင်ဆိုင်နိုင်တယ်လေ...ကားတွေရဲ့နင်းချေမှာကို ခံရရင်တောင်ပေါ့...
မင်းကသာ နေမင်းကြီးဆို
ကိုယ်ကအပင်လေးတစ်ခုဖြစ်မယ်ထင်တယ်
ကိုယ့်ဘဝမှာမင်းမရှိလို့မဖြစ်ဘူးလေ...ရေအချို့လိုအပ်ခဲ့ရင်တောင်ပေါ့...
ဒါပေမဲ့ yeol....
သစ်ရွက်လေးပေါ်က
ရေစက်လေးတစ်စက်လို
ခဏတာအတွင်း ပျောက်ကွယ်မသွားပါနဲ့...မြေပေါ်ကျသွားတဲ့ရေစက်လေးလို
ကျန်ခဲ့တဲ့ သစ်ရွက်လေးဘဝကလည်း အဓိပ္ပါယ်မဲ့သွားလိမ့်မယ်...အဲ့လိုပဲ မင်းမရှိရင်လည်း ကိုယ့်ဘဝ ပျက်ဆီးသွားနိုင်တယ် Yeol ...
ရင်ခွင်ထဲ နှစ်ခြိုက်စွာအိပ်ပျော်နေသော ကလေးရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးရင်း တွေးမိတယ်
မင်းနဲ့ပက်သက်ရင် ဆံနွယ်လေးတွေကအစ သဝန်တိုတတ်တဲ့ ကိုယ်ပါလားလို့...
"Park chanyeol shi...ခင်ဗျားလေးသိပ် ပြုစားလွန်းတယ်သိရဲ့လား?"
သူ့ကိုကာကွယ်ပေးမယ် ဆိုတဲ့ Angel လေးက အိပ်ပျော်နေလေရဲ့...
ဖြူစင်လွန်းတဲ့မင်းလေးက ကိုယ်ပိုင်ဆိုင်တယ်ဆိုတာ အိပ်မက်တစ်ခုလို့ပဲ...ဟုတ်တယ် ဒါကြောင့်လဲ..ဒါကြောင့်လဲ သူ Yeol ကိုနာကျင်စေခဲ့မိတာပါ...Yeol ကိုသူပိုင်တယ်ဆိုတာ မယုံနိုင်သေးဘူး Yeol ကိုအခြားတစ်ယောက်သိမ်းယူသွားမှာ ကြောက်နေမိလို့ ပါ...
YOU ARE READING
*CAGE*
FanfictionYes,My Lord... (warning: Chanyeol uke Read at your own risk ) ဒါကကျွန်တော်တို့ရဲ့ပထမဆုံး Fic လေးဖြစ်တဲ့အတွက် အရေးအသားအတွက်တောင်းပန်ချင်ပါတယ် အမှတ်တရလေးမို့လို့ ထားချင်သေးတာကြောင့် မဖျက်ပဲထားလိုက်ရတာပါ ဖြစ်နိုင်ရင်တော့မဖတ်တာပိုကောင်းပါတယ် အမှတ်တရထ...