Zawgyi>>>
သူကြည်ဖြူစွာပေးတဲ့ အနမ်းလေးအား ရင်ခုန်စွာလက်ခံရင်း ကြည်နူးမိသည်...
အခုကျွန်တော်တကယ်ပဲ သူ့ရဲ့အရာအားလုံးကို ပိုင်ဆိုင်ရပြီ...အိပ်မက်တစ်ခုလို့ထင်မိသလို
အိပ်မက်မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိတာလည်း အကြိမ်ကြိမ်အခါခါပါ...သူသည် ကျွန်တော့်အား ရင်ခုန်စေသည်..
သူသည် ကျွန်တော့်ကို စိတ်လှုပ်ရှားစေသည်
သူသည် ကျွန်တော့် နှလုံးသားအား ဗလောင်ဆူစေသည်နောက်ဆုံး သူသည်သာ ကျွန်တော့်အား အချစ်ကိုသင်ပေးခဲ့သည်
"Yeol...ကိုယ်မေးတာဖြေနော်"
"ဟုတ်"
"တကယ်လို့များ ကိုယ်သာမင်းကိုနာကျင်အောင်လုပ်မိခဲ့မယ်ဆိုရင် မင်းဘာလုပ်မှာလဲ?"
"Hyun ဘယ်လိုဖြေစေချင်လဲ?"
"ဟင်?"
"Hyun ဖြေစေချင်သလိုပဲဖြေမယ်"
"အဲ့အဖြေက မင်းရဲ့စိတ်ရင်းဖြစ်မှာလား?"
"Hyun သာဖြစ်စေချင်တယ်ဆို ကျွန်တော့်အတွက်ငြင်းစရာမရှိပါဘူး hyun ရဲ့ဆန္ဒကသာကျွန်တော့်ရဲ့ဘဝပါ"
Baekhyun နှုတ်ခမ်းလေးတွန့်ကွေးသွားသည်အထိပြုံးလိုက်မိသည်
သူသည် ကျွန်တော့်ကို ပျော်ရွှင်အောင်လည်း လုပ်ပေးနိုင်ပေသည်...
"ကိုယ့်အနားက ထွက်မသွားပါဘူး ဆိုတဲ့အဖြေကိုလိုချင်တယ်ဆိုရင် မင်းပေးမှာလား Yeol?"
"ကျွန်တော်ပြောပြီးသားပဲ Hyun ရဲ့ဆန္ဒကကျွန်တော့်ရဲ့ဘဝပါ လို့"
"အဲ့တာဆိုကိုယ်ပြောမယ်
မင်းသာမရှိရင်ကိုယ်သေရလိမ့်မယ် အဲ့တာကြောင့် ကိုယ့်နားကလုံးဝထွက်မသွားပါနဲ့""ဟုတ်ကဲ့ Hyun"
Hyun စကားကိုတစ်သွေမသိမ်းနားထောင်ရုံတင်မဟုတ် သူကိုယ်တိုင်လည်း အဲ့လိုဖြစ်ချင်မိပါသည် hyun နားကတစ်ဖဝါးမှမခွာဘဲ တစ်သက်လုံးရှိနေဖို့....
******************************
"ကလေးဆိုတာဘယ်သူလဲ?"
"Chanyeol ကိုပြောတာလား?"
YOU ARE READING
*CAGE*
FanfictionYes,My Lord... (warning: Chanyeol uke Read at your own risk ) ဒါကကျွန်တော်တို့ရဲ့ပထမဆုံး Fic လေးဖြစ်တဲ့အတွက် အရေးအသားအတွက်တောင်းပန်ချင်ပါတယ် အမှတ်တရလေးမို့လို့ ထားချင်သေးတာကြောင့် မဖျက်ပဲထားလိုက်ရတာပါ ဖြစ်နိုင်ရင်တော့မဖတ်တာပိုကောင်းပါတယ် အမှတ်တရထ...