Zawgyi>>>
လွန်ခဲ့တဲ့ 6 နှစ်က မျက်ရည်စအချို့ဖြင့် ကျွန်တော့်အား Hyun လက်ထဲတွန်းပို့ခဲ့တဲ့ ခပ်နွမ်းနွမ်း omma ပုံရိပ်ကသူ့မျက်စိထဲ ဝိုးတဝါးပေါ်လာတယ်
သို့သော်...ယခုသူမြင်နေရသော omma သည် သစ်လွင်တောက်ပ နေကာ မိတ်ကပ်အချို့ မျက်နှာတွင်ထင်ဟပ်နေသည်...
သူမဟာ တကယ်ပဲ omma တဲ့လား?
အိမ်တံခါးကို မိမိကိုယ်တိုင်တောင်မသိလိုက်ဘဲ တွန်းဖွင့်မိသည်...omma...omma သူ့ကိုမမြင်ပါ...ပါးပြင်မှမျက်ရည်အချို့ကို သုတ်ရင်း ထွက်သွားတယ်...ခြံနှင့်အတော်ပင်လှမ်းသောနေရာကို omma ရောက်သည်အထိ သူ့အသံတွေထွက်မလာခဲ့...
အားတင်းကာ omma ဆီလှမ်းမိတော့ ပူပြင်းတဲ့မြေကြီးရဲ့အထိအတွေ့က သူ့ခြေဖဝါးမှာ...ရုတ်တရက်ခေါင်းထဲပေါ်လာသည့် အတွေးကပဲ သူ့ခြေလှမ်းများအား ရပ်တန့်စေသလား?
Hyun!!ဟုတ်တယ် Hyun...
ကျွန်တော်အပြင်ထွက်လို့မှမရတာ
Hyun စည်းကမ်းကို ကျွန်တော်ဖောက်ဖျက်လိုက်ပြီလား?Omma ဆီသွားဖို့ခြေလှမ်းများ
Hyunအမိန့်ကြောင့်ရပ်တန့်သွားရသည်...Omma ကိုတွေ့ချင်တဲ့စိတ်များ
Hyun အပေါ်ထားတဲ့အချစ်တွေကြောင့်
ပျောက်ပျက်သွားရသည်...6 နှစ်လုံးလုံး omma အပေါ်အလွမ်းတွေ
Hyun ရဲ့အပြုံးတွေကို မြင်ယောင်မိတာကြောင့်
မေ့ပျောက်သွားရသည်...Hyun က omma ထက်ကြင်နာလို့လား?
Hyun က omma ထက်ကျွန်တော့်ကိုပိုချစ်လို့လား?
Hyun ကomma ထက်ပို
ဂရုစိုက်လို့ပဲလား?ဒါမှမဟုတ်...ကျွန်တော်ကိုယ်တိုင်ကပဲ...
Hyun ကို ommaထက်
တွယ်တာမိသည်လား...
Hyun ကို omma ထက်
ပိုချစ်မိသည်လား...
omma ထက် Hyun နဲ့ပိုပြီး အတူရှိနေချင်သည်ပဲလား...မသုံးသပ်တော့ပါ...စိတ်ထဲရှိသည့်အတိုင်း
အိမ်ထဲပြန်ဝင်ရန်သာ ခြေလှမ်းပြင်မိတယ်
အိမ်? ကျွန်တော့်ရဲ့လှောင်အိမ်လေးထဲကိုပေါ့..."Yeol!!!!"
"H..hyun"
"မင်းအဲ့တာဘာလုပ်နေတာလဲ!!ပြောလေ!!မင်းကိုငါမေးနေတယ် yeol!!"
![](https://img.wattpad.com/cover/104877004-288-k598503.jpg)
YOU ARE READING
*CAGE*
FanfictionYes,My Lord... (warning: Chanyeol uke Read at your own risk ) ဒါကကျွန်တော်တို့ရဲ့ပထမဆုံး Fic လေးဖြစ်တဲ့အတွက် အရေးအသားအတွက်တောင်းပန်ချင်ပါတယ် အမှတ်တရလေးမို့လို့ ထားချင်သေးတာကြောင့် မဖျက်ပဲထားလိုက်ရတာပါ ဖြစ်နိုင်ရင်တော့မဖတ်တာပိုကောင်းပါတယ် အမှတ်တရထ...