Hate him!!!But Really...

1.9K 204 1
                                    

" jonginကို အဲ့လောက်ထိ ချစ်လား??..."

ဘယ်ချိန်မေးမေး kyungsooအတွက် အဖြေက အသင့်ရှိနေတယ် ဆိုပေမယ့် ရုတ်တရက်ကြီးထမေးလိုက်တဲ့ kaiစကားကြောင့် kyungsooအသင့်ရှိပီးစား အဖြေကို မဖြေမိ..ဒါကလည်း kaiရဲ့ မျက်လုံးကပြောတဲ့ စကားလုံးတွေကြောင့်ပဲလား သူကိုယ်တိုင်ပင်မသိတော့...သူသိတာက သူ့ကို ကြည့်နေတဲ့ မျက်ဝန်းလေးတွေက သူဖြေမယ့် အဖြေကို တွန့်ဆုတ်စေသည်ကိုပင်....

" အာ...hk...sorry..."

နွေးထွေးနေတဲ့ သူနှလုံးသားလေး ရုတ်ချည်းပြောင်းလဲသွားပီဖစ်တဲ့ kaiကြောင့် သူကိုယ်တိုင်လဘ်း အိမ်မက်တွေထဲက နိုးထတော့ဖို့ကို သတိပေးရပီလေ...

" လုပ်စရာရှိလုပ်...ဒါသောက်ပီး ပြန်မှာ..."

ပြောသမျှကို အူကြောင်ကြောင်နဲ့လိုက်ကြည့်နေတဲ့ kyungsooကြေညင့် ခုနက အသိလွတ်သွားတဲ့ ကိုယ့်ကိုယ်ကိုသာ ပစ်ထိုးလိုက်ချင်မိသည်....

" ဟို...jongin...ကိုယ်..တွေပူနေသလိုပဲ..."

မရဲတရဲနဲ့ ကြောက်ကြောက်လန့်လန့် ပြောနေတဲ့ kyungsooပုံစံကြောင့် kaiရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်...စိတ်လှုပ်ရှားတိုင်း မျက်စိတွေနီပီး အပူချိန်မြင့်တက်တာက kim jonginနဲ့ မတူတဲ့ kim kaiရဲ့ သဘာဝဆိုတာကို kyungsooမှမသိတာ...ခုတော့ စိတ်ပူနေသည်ထင်ပါရဲ့...ခွင့်ပြုချက် မရှိပဲ သူ့အသားကို ထိရင် ဘာဖြစ်မလည်းဆိုတာကို သူ့အကြောင်း သိနေသူဆိုတော့ kyungsooတွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသည့်ပုံစံက ခုနက ရှုပ်ထွေးနေသည့် သူ့စိတ်ကို ရုတ်ချည်း ဖယ်ပစ်လိုက်နိုင်သည်...တစ်ခုပဲ သူမကြိုက်တာ စကားပြောတိုင်း သူမဟုတ်တဲ့ နာမည်ကိုခေါ်ပီး သူ့ကိုကြည့်ပြောနေခြင်းပင်...

Kyungsooလက်ကို ဆွဲယူလိုက်ပီး သူ့နှဖူးပေါ်တင်ပေးလိုက်တော့..ရုတ်တရက်ကြီးမို့ လန့်သွားသည်ထင်ပါရဲ့...နဂိုဝိုင်းစက်နေတဲ့ မျက်ဝန်းတွေက ပိုပီးပင် ဝိုင်းစက်သွားသေးသည်...

" ဟင်..ခုနကကျ ပူနေတာ..တော်သေးတာပေါ့ ခုမပူတော့လို့..."

သူတင်ပေးတဲ့လက်ကဖြင့်  တစ်ဖက်ထည်း...ခုကျ လက်နှစ်ဖက်လုံးရောက်လာပီး ဟိုစမ်းဒီစမ်းလုပ်လာတဲ့ kyungsooကြောင့် ခုတစ်ခါ စွန့်အသွားမိသူက ကျွန်တော် kim kaiပင်....

Love AgainWhere stories live. Discover now