မိုးလင်းလို့ အိမ်အောက်ထပ်ကို ဆင်းခဲ့တော့...စားပွဲပေါ်မှာ သူ့အတွက် မနက်စာက အဆင်သင့်ဖြစ်နေလေသည်...ကော်ဖီခွက်ကို ကိုင်ပီး မော့သောက်လိုက်တော့ ပူနေတုန်းပင်...ဖျော်ထားတာ မကြာသေးမှန်း ဦးနှောက်က အသိပေးတော့ အိမ်ရှေ့ကို အပြေးလေးသွားပီး ဟိုဘဲကြီး စီးနေကျ ကားရှိမရှိ ကြည့်လိုက်တော့ သူမတွေ့...
" ဒါဆို သွားပီလား....
ကျစ်...
မင်းနဲ့ ဘာဆိုင်လည်း kim kai..."
၅လအတွင်း ပြောင်းလဲချင်နေတဲ့ သူ့စိတ်တွေကိုပဲ အပစ်တင်ကာ အပေါ်တက်ပီး အပြင်သွားဖို့ပင် ပြင်ဆင်နေလိုက်သည်....အများကြီးပင် မကြာလိုက်...styleအပြည့်နဲ့ ကားသော့်လေး လှည့်ကာ လေလေး တချွန်ချွန်မြည်ရင်း ပြန်ဆင်းလာခဲ့သည်...အပေါက်ဝရောက်ခါနီးမှ ဟိုဘဲကြီး ပြင်ပေးထားတဲ့ မနက်စာကို သတိရသွားပီး ထမင်းစားခန်းဘက်သို့ အလိုလို ခြေဦးလှည့်မိပြန်သည်...
ကော်ဖီခွက်လေးကို ကိုင်ကြည့်တော့ ပထမတစ်ခေါက် ကိုင်ကြည့်တုန်းကလောက် မပူတော့...ခပ်နွေးနွေးတော့ ရှိသေးသည်...ကြည့်နေရင်းပင် ထိုအရသာကို မြည်စမ်းချင်စိတ်က တဖွားဖွားပေါက်လာပြန်တော့ ခေါင်းတစ်ချက်ကုတ်ကာ သူ့ကိုယ်သူ နားမလည်နိုင် ပြန်ဖစ်မိပြန်သည်...
"ကျစ်... Do Kyungsooဆိုတဲ့ ဘဲကြီးက အာရုံပဲ"
သူ့စိတ်ကို သူမပိုင်တော့သည်အလား ကျွတ်တစ်ချက်စုပ်ကာ ကော်ဖီခွက်ကို ဆောင့်ချပီး အိမ်ထဲက အမြန်ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်...ဆောင့်ချလိုက်တဲ့ ကော်ဖီခွက် နှုတ်ခမ်းသားလေးမှာ ကော်ဖီရည်လေးတွေ ခွက်ထဲသို့ တစ်စက်ချင်း ပြန်ဝင်နေသည်...ထို့အတူ kaiစိတ်ထဲမှာလည်း ဒီကော်ဖီအရသာကို တစ်နေ့လုံး သတိရတော့မည်ပင်...
ကားမောင်းနေရင်း ပါးစပ်ထဲဆွဲကျန်ခဲ့တဲ့ ကော်ဖီအကြောင်းပဲ သူတွေးနေမိပြန်သည်...ဖြစ်နိုင်ရင် ကော်ဖီတစ်ခွက်လုံးကုန်အောင် သောက်ချင်မိသည်..သို့သော် Do Kyungsooပြန်လာလို့ သူဖျော်ခဲ့တဲ့ ကော်ဖီမရှိတော့တာ မြင်ပီး ပျော်သွားမည်ဆိုတာကို နည်းနည်းလေးမှမလိုလား..သူ့ဦးနှောက်ထဲ ခံယူထားသည်က kim kaiကို ပိုင်ဆိုင်ထားလို့ Do Kyungsooဘဝ တစ်သက်လုံး စိတ်ညစ်စေရမည်ကိုပင်...