Love is...

1.9K 213 1
                                    

" saranghae"

သူထင်သည်...jonginတစ်ခုခုတော့ သူ့ကိုလုပ်လိမ့်မည်ဆိုတာ....ဒါမယ့် ခုလိုမျိုး လုပ်ရပ်လို့တော့ kyungsooယောင်လို့တော့ မစဉ်းစားခဲ့...

Kyungsoo ပျော်လွန်းလို့ jonginကိုယ်လေးထဲ ပိုတိုးဝင်ကာjonginကိုယ်လေးကို ပိုတိုးဖတ်မိသည်...jonginလက်သည်လည်း ကျွန်တော့်ခါးပေါ်မှာဆိုတာကို ဘယ်သူမှထင်ထားမည်မဟုတ်...သူသည်လည်း ကျွန်တော့်လိုမျိုး ခပ်တင်းတင်း ပြန်ဖတ်ပေးထားသည်...

" ကျွန်တော်ရော..."

" ဟင်..."

တိုးတိုးလေးသာ ပြောလိုက်တဲ့စကားတစ်ခွန်းဟာ kyungsooနားထဲ စည်ကြီးတီးလိုက်သလိုပင်...

" jong...jongin..."

" ကျွန်တော် jonginမဟုတ်ဘူး!!!"

အနည်းငယ် မာသွားတဲ့အသံကြောင့် kyungsoo ထိတ်လန့်ဟန်ဖြစ်သွားပေမယ့် kaiရဲ့ "jonginမဟုတ်ဘူး"ဆိုတဲ့စကားကို ခေါင်းထဲထည့်ဟန်မပြု...သူ့ရှေ့မှာ မြင်နေရတဲ့ လူသားကို သူ့နှလုံသားအထိ jonginဟုသာ ခံယူထားပုံရသည်...

" ခုနက ဘာပြောလိုက်တာလည်း..ဟင်...hyung နားကြားမှားတာ မဟုတ်ဘူးမလား.."

Kaiတစ်ယောက် သူရှင်းပြချင်သည်...သူဟာ jongin မဟုတ်တဲ့ kaiဆိုသည်ကိုး...

" အာ...hyung အထင်မှားသွားတာပဲ..ဟား.."

မျှော်လင့်ချက်မဲ့သွားတဲ့ kyungsooပုံစံဟာ တစ်ကယ်ကို ကြေကွဲစရာရယ်ပါ...သူလည်း ပြောပြချင်တာပေါ့..ဘယ်လောက်ထိ ချစ်တယ်ဆိုသည့်အကြောင်းကို...ဒါမယ့် kyungsooဟာ သူ့ကို အခွင့်အရေးမှမပေးတာ..နောက်ပီး သူကိုယ်တိုင်လည်း ယုံကြည်မှုမရှိပါ..သူသိသည်...kyungsooဟာ jonginဆိုသည့် သူ့ညီကိုပဲ ချစ်သည်ဆိုတာ...

နှစ်ဦးကြားထဲ လေစိမ်းခဏတိုက်ပီးသွားသည့်အခါမှာ..

" လှဲနေလိုက်..ဆန်ပြုတ်ပြုတ်ပေးမယ်..."

ကုတင်ပေါ်ကဆင်းပီး သူပြောသလို ဆန်ပြုတ်ပြုတ်ဖို့ အခန်းထဲက ထွက်ဟန်ပြုမည့် jonginကို ကြည့်ကာ ရင်ထဲမွန်းကြပ်မှုသာ တိုးလာခဲ့သည်..

" မလိုဘူး...မင်းမချစ်တဲ့သူအတွက် ဂရုစိုက်စရာမလိုဘူး.."

Jonginလုပ်သမျှ အရာအားလုံးကို သည်းခံမည်ဟု ကြွေးကြော်ထားခဲ့ပေမယ့် မချစ်ပဲ မျှော်လင့်ချက်တွေပေးနေတာကိုတော့ kyungsoo လက်မခံနိုင်ပါ...jonginသူ့ကို မချစ်နိုင်တာကို သူလက်ခံသည်...စောင့်နိုင်ပါသည် jonginသူ့ကို ချစ်လာမည့်တစ်နေ့ကို...ဒါမယ့် ခုချိန် သူအရမ်းပင်ပန်းနေပီ...လက်လွှတ်သင့်ပီလားဟုတောင် အတွေးတွေ ခေါင်းထဲဝင်လာသည်အထိကို သူ့နှလုံးသားလေး ပင်ပန်းနေပီ...

Love AgainWhere stories live. Discover now