" တောက်!!!!Do Kyungsoo ခင်များကြီးကို မုန်းတယ်..."
အဲ့စကားကို kaiတစ်ယောက် kyungsoအခန်းကိုကြည့်ပီး အော်ပြောလိုက်ခြင်းပင်...
စိတ်ထဲက ဆန့်ကျင်ဘက် စကားလုံးကိုသာ ရွေးပြောလိုက်ပေမယ့် တကယ်တမ်း နာကျင်ခဲ့ရသည်က နှစ်ဦးစလုံးကိုယ်တိုင်....
Kyungsooအခန်းတံခါးကို မှီထိုင်ချပီး နားကို လက်နှင့်အုပ်ကိုင်ကာ ဒူးပေါ် ခေါင်းတင်ပီး ငိုကြွေးနေသည်...'မုန်းတယ်'ဆိုတာ kaiမပြောလည်း သူသိပီးသား....ကိုယ်တိုင် ထုတ်ပြောသည့်အခါကျတော့ ခံနိုင်ရည်မရှိခဲ့...ဒါ တကယ်ကို ထင်ထားတာထက် အများကြီးနာကျင်ရသည်...သူကတော့ ချစ်လိုက်ရတာ...kaiက သူ့ကို အဲ့လောက်ထိ မုန်းနေမည်ဟု မထင်ထား...လာမယ့် ရက်တွေကို သူဘယ်လိုရင်ဆိုင်ရမလည်း ကိုယ်တိုင်ပင်မသိ...စွန့်လွှတ်ဖို့ကလည်း မဖြစ်နိုင်...မစွန့်လွှတ်ပြန်ရင်လည်း မဖြစ်သင့်...
" jongin na...မင်း ပင်ပန်းသလို hyungလဘ်း အရမ်းပင်ပန်းတယ်..."
တကယ်တော့ kyungsoo နယူတန်ရဲ့*သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်*ဆိုတဲ့ ဖော်မြူလာကို ယုံကြည်နေခဲ့တာ... အတွေးတိမ်ပီး သူချစ်သလို jonginတစ်နေ့ ပြန်ချစ်မှာပါ ဆိုပီး တစ်ထစ်ချ ယုံကြည်ခဲ့တာ....သူသတိမထားခဲ့တာက နယူတန်ပြောခဲ့တာက *တန်ပြန်သက်ရောက်မှု*....
*တူညီတဲ့သက်ရောက်မှု* မဟုတ်ဘူးဆိုတာပဲ....အတွေးများစွာဖြင့် ငိုကြွေးနေသည့် တံခါးနောက်က ကောင်လေးလို...တံခါးရှေ့မှာ ခေါင်းမှီပီး အခန်းထဲက ကောင်လေးအကြောင်း တွေးပူပီး မျက်ရည်ကျနေသည့် ကောင်လေးတစ်ယောက်လည်း ရှိပါသေးသည်....
~~~~~~~~~~~~~~~~~~~~~~~~
ကြိမ်းစပ်နေသည့် မျက်လုံးများသည် မနက်ခင်းရောင်ခြည်များကြောင့် မဖွင့်ချင်ပေမယ့်လဘ်း ဖွင့်ဖို့အချိန်တန်ပီဟုဆိုကာ အတင်းပင် အလင်းရောင်ကို မြင်ရဖို့ တာဆူနေကြသည်...
*ဒီမှာ အိပ်ပျော်ခဲ့တာပဲ*ဆိုသည့် အတွေးတစ်ခုက ခေါင်းထဲကို ချက်ချင်းဝင်လာပြန်တော့ ညက အဖြစ်အပျက်သည်လည်း အလိုလို မျက်လုံးထဲ ပြန်မြင်ယောင်လာသည်...
