" aww..niniက ဒီရောက်နေတာကိုး...baeက niniပျောက်လို့ လိုက်ရှာနေတာ.."
ရေကန်ကြီးဘေးမှာ နောက်ကျောပေးရပ်ထားတဲ့ kyungsooအခေါ် niniကျောကို ဖတ်ရင်း စကားဆိုမိတော့ အံ့ဩတကြီး လှည့်ကြည့်လာတဲ့ niniကို ခြေဖျားထောက်ပီး ထူထဲထဲနှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်...
" ဟင်..hyung!!"
" wae nini?? Baeနမ်းတာ မကြိုက်လို့လား.."
" bae??"
" niniနော် သူပဲ hyungကို baeလို့ ခေါ်ခိုင်းထားပီး.."
Kyungsooသူ့ရဲ့ အကျင့်အတိုင်း နှုတ်ခမ်းဆူပီး စိတ်ဆိုးသလို ပြောမိတော့..
" hyung...niniသိတဲ့ hyungက ဘယ်တုန်းက အဲ့လို စိတ်ဆိုးတတ်သွားတာလည်း..hyungအရမ်းချစ်ဖို့ကောင်းလာတယ်.."
Kyungsooအံ့ဩသွားရသည်...nini..arnyi..jonginသူ့ကို ပြောဆို ဆက်ဆံနေသည့်ပုံစံက အရမ်းကို သူစိမ်းဆန်လွန်းသည်လေ..
" niniပဲ baeကို baeဆိုပီးပြောခိုင်းတာလေ.."
" ဟင်..niniက hyungကို baeဆိုပီး ပြောခိုင်းတယ်??"
မျက်လုံးကြီးပြူးကာ အံ့ဩတကြီး ပြန်မေးလာသည့် jonginကို kyungsooစိတ်ကုန်လွန်းလို့ ခေါင်းသာငြိမ့်ပြမိသည်..
" hyungက ကျွန်တော့်ထက်၆နှစ်တောင်ကြီးတယ်လေ..ကျွန်တော်က ဘာလို့??"
" တော်..တော်တော့ nini.."
Kyungsooစိတ်လှုပ်ရှားလွန်းလို့ ရင်ဘတ်လေးကိုဖိကာ jonginပြောသည့်စကားကို ဆက်နားမထောင်နိုင်တော့ရ်ျ ရပ်ခိုင်းလိုက်ရသည်...
" hyungဘာဖြစ်တာလည်း..အဆင်ပြေရဲ့လား.."
" jongin??ဒါ baeရဲ့jonginမလား..ဟုတ်တယ်မလား??
Kyungsooမယုံကြည်နိုင်စွာ မြက်ခင်းပေါ် ငုပ်တုပ်ထိုင်ရင်း မေးလိုက်မိတော့..
" ဟုတ်တယ်လေ hyung..ကျွန်တော် jonginလေ..."
" bae!!!"
ရုတ်တရက် စိုးရိမ်တကြီး kyungsooစီပြေးလာကာ kyungsooကိုယ်လေးကို သူ့ခန္ဓာကိုယ်ထဲ ဝှက်ထားလိုက်သည့် သူကို kyungsooအံ့ဩတကြီး မော့ကြည့်မိတော့..
" nini!!"
Jonginမဟုတ်ပဲ နှုတ်ကနေ ခေါ်နေကျနာမည်လေး ခေါ်မိပြန်တော့ kyungsooသူ့ကိုယ်သူလည်း အံ့ဩရပြန်သည်..
