Part-2#####
မိုးရာသီကို အရင်ကကြိုက်နှစ်သက်သော ကိုယ်သည်
ယခုမုန်းနေခဲ့သည်...မိုးရာသီရောက်ရန်အတွက် လက်ချိုးရေကာ စောင့်နေတတ်သော ကိုယ်သည် ယခုတွင် ခါးသီးစွာ ငြင်းဆိုမိလိမ့်မည်...
ယခုလည်း ကိုယ်မုန်းမိသော မိုးရာသီသည် ခုထိ မကုန်သေး
မိုး၏အုံ့မှိုင်းနေမှုကြောင့် ကိုယ့်စိတ်သည်လည်း အုံ့မှိုင်းကာ ကိုယ့်အပါးတွင် မရှိ တော့သော သူ့အား တမ်းတလွမ်းမိနေသည်..
'လွမ်းလိုက်တာ'
'ဘာတွေ လွမ်းနေသလည်း baekhyunee'
'ဘာမှ မဟုတ်ပါဘူး ကိုကိုရာ'
ယနေ့သည် ကျောင်းအားလပ်ရက်ဖြစ်သောကြောင့် ကိုကိုနှင့်တွေ့နေရခြင်းသာ
ကိုကိုဆိုသည်မှာ အချိန်ပြည့် အကိုSungkyuတို့ဆီမှာ သောင်တင်နေတတ်သူ
'ကိုကို အပြင်မသွားသေးဘူးလား'
'အင်း မိုးရွာနေလို့ မထွက်ရသေးတာ အောက်မှာ ဖေဖေကလည်း ထိုင်နေတယ်ကွာ'
'Woohyun ရေ '
'သားကြီးရေ သားသူငယ်ချင်းတွေ ရောက်နေတယ် အောက်ဆင်းခဲ့အုန်း'
'ဟုတ် လာပြီ Mama '
ထိုသို့ဆိုကာ ကိုကို အောက်သို့ပြေးဆင်းသွားလေသည်
'ဟူး' ဒီနေ့လည်း အလွန်ပျင်းရိဖွယ်ကောင်းပေးအုန်းမည်
Kyungsoo ဆိုသည်မှာလည်း အားလပ်ရက်ဆို ဖမ်းမမိ
ကိုယ့်ဘာသာအပျင်းဖြေရန် စာအုပ်သာ ဖတ်မိဟုကြံရွယ်မိသည်
'သားငယ် baek mamaတို့ အပြင်ခဏ သွားစရာရှိတယ်
သား အိမ်ခဏစောင့်နေလိုက်အုန်းနော်''ဟုတ် mama '
မေမေနှင့် ဖေဖေကလိုက်သွားမည်ဆိုသောကြောင့် ကိုယ်အသက်ရှူ ချောင်နေလိမ့်မည်
'အဟေး အဟိ ပျော်လိုက်တာ ဖေဖေလိုက်သွားတယ်ကွ'
အိမ်လည်း ပြန်တိတ်ဆိတ်သွားမှ baekhyun အိမ်အောက်ထက်ဆင်းကာ TV ဖွင့်ကြည့်တော့သည်
YOU ARE READING
Still I Remember
Fanfictionတစ်ခါ ကျောခိုင်းဖူးတဲ့ မင်းက နောက်တစ်ခါ မလုပ်တော့ပါဘူးလို့ ကတိပေးနိုင်လား. Chan *My own creation* 👉By Aeri_Shixun👈