Part_15
အချိန်တွေကြာလာလေ အတိတ်တွေကနေ ရုန်းထွက်ဖို့ ပိုခက်ခဲလာလေပဲChan~~
*Still I Remember*
လူစည်းကားပြီး အတော်အတန်နာမည်ကြီးတဲ့ ဆိုင်မှာ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတာကြောင့်..Baekhyun ချိန်းဆိုထားတဲ့ ဆိုင်ရှေ့ကို ရောက်လို့်နေသည်။
"Jongdae~~ဟို...ငါဆိုင်ရှေ့ကို ရောက်နေပြီ"
ငယ်သူငယ်ချင်းတွေနဲ့ မတွေ့ရတာကြာပြီဖြစ်တာကြောင့်..တစ်ယောက်ထဲ ဝင်သွားဖို့ မရဲတာကြောင့်.. ကြိုရောက်နှင့်နေတဲ့ Jongdae ကို ဖုန်းဆက်ပြီး လာခေါ်ပေးရန်..တောင်းဆိုရ၏။..အထက်တန်းပြီးထဲက အဆက်အသွယ်ပြတ်သွားတာကြောင့်..ဘယ်သူတွေ ဘယ်လိုပုံဖြစ်နေပြီလည်း ဆိုတာ..သူသေချာမသိတော့ဘူးလေ။...အင်း..~~ Chan ရော အထက်တန်းတုန်းကလို ပုံမျိုးဖြစ်နေအုန်းမလား...။ ဒါမှမဟုတ်..အရမ်းကို ခံ့ညားလွန်းတဲ့ ဆရာဝန်လောင်းကြီးဖြစ်နေလောက်ပြီလား..။ Chanကို မတွေ့နိုင်တော့ပင်မယ့်... Chan ရဲ့ ပုံရိပ်တွေဟာ သူ့ကို ယခုချိန်ထိ လွှမ်းမိုးနိုင်တုန်းပဲ။
"Baekhyun Na...တစ်ယောက်ထဲ ဘာတွေဒီလောက်စဉ်းစားနေလို့ ငါ..မင်းဘေးနားလာရပ်နေတာတောင် မသိရတာလဲ "
သူ Chan အကြောင်းတွေကို ပတ်ဝန်းကျင်အခြေအနေတွေ မေ့လောက်အောင်ထိ ထပ်ပြီး တွေးနေမိပြန်ပြီလား။
"အာ...Jongdae ရောက်နေပြီလား..ငါ ကျောင်းကိစ္စ နည်းနည်းပိနေလို့ပါ...ဒါနဲ့အထဲမှာ လူစုံပြီမလား.
ဝင်ကြစို့လေ""အေး..အကုန်ရောက်နေကြပြီ လာလေ ဝင်ကြမယ်..Min Woo တို့တောင် မင်းလာမယ်ဆိုလို့ မျှော်နေကြတာ "
အတော်လေးကို အေးလာပြီးဖြစ်တဲ့ ဆောင်းရာသီကြောင့်..အပြင်မှာ ရပ်နေခဲ့တဲ့ Baekhyun ဟာ အပူပေးစက်ထုတ်လွှတ်ထားတဲ့ ဆိုင်ထဲရောက်မှ နွေးထွေးသွားတော့၏။
"ဟေး..Baekhyun လာပြီကွ..."
စကားတွေဖောင်ဖွဲ့ပြီး အော်ကြီးဟစ်ကျယ်ပြောနေကြတဲ့..တစ်အုပ်စုလုံးဟာ Baekhyun လာတော့ ဝမ်းသာစွာနဲ့ ကြိုဆိုကြသည်။
YOU ARE READING
Still I Remember
Fanfictionတစ်ခါ ကျောခိုင်းဖူးတဲ့ မင်းက နောက်တစ်ခါ မလုပ်တော့ပါဘူးလို့ ကတိပေးနိုင်လား. Chan *My own creation* 👉By Aeri_Shixun👈