Part _13
အချိန်တွေက ကုစားသွားလိမ့်မယ်လို့ ပြောကြပင်မယ့်...
ငါ့အတွက်တော့...မဟုတ်ခဲ့ဘူး..Chanရယ်.....* Still I Remember *
အလင်းရောင် ခပ်ဖျော့ဖျော့သာ ဖွင့်ထားတဲ့ အခန်းထဲ တိတ်ဆိတ်စွာ ထိုင်နေမိသည်။ ..ယခုချိန်မှာ ဘယ်အရာကိုမှ မလုပ်ချင်.။ ကျောင်းကပြန်လာထဲက ရေလည်း မချိုးသလို...
ထမင်းလည်း အိမ်အောက်သို့ သွားမစားခဲ့..။ ညမှောင်လာတဲ့ အချိန်ထိ အခန်းထဲ ငေါင်ဆင်းစွာ ထိုင်နေခဲ့သည်။
မေးခွန်းများစွာ ရှိနေခဲ့သော ဦးနှောက်ကို အဖြေပေးဖို့ရာ တစ်စုံတစ်ရာမျှ မရှိခဲ့..။ ပတ်ဝန်းကျင်ကို လိုက်လံမေးမြန်းရအောင်လည်း...ငယ်ငယ်က သူငယ်ချင်းတွေ အားလုံးနဲ့ အဆက်အသွယ်က ပြတ်သွားတာ ကြာခဲ့ပြီ။' Baekhyun ထမင်းဘာလို့ ဆင်းမစားတာလဲ '
အခန်းတံခါးကိုတွန်းဖွင့်ရင်း Ma ဝင်လာသည်။ ကုတင်ဘေးကို ဖြတ်လျှောက်လာသော Maက ကုတင်ခြေရင်းမှာ ဝင်ထိုင်လေသည်။
'ကျောင်းမှာ ဘာပြဿနာရှိလို့လဲ Baekhyun '
Baekhyun မျက်နှာမကောင်းတာကြောင့် Ma မေးတာနေမည် ။ တော်ရုံဆို Ma က သူ့တို့ကျောင်းကိစ္စတွေကို ဘယ်တော့မှ ဝင်မစွက်ဖက်တတ်ပေ။
'ဘာကိစ္စမှ မရှိပါဘူး Ma ဒီရက်ပိုင်း ရာသီဥတုကြောင့် နေရတာအဆင်မပြေရုံပါ '
'ဒါဆိုလည်း ဆေးသောက်ပါလား? မင်းကိုက ဆေးသောက်ရမှာ ကြောက်နေတာ '
ဆေးသောက်ရမှာ အင်မတန်ကြောက်သော Baekhyun ကြောင့် Ma က ဆူသလိုပြောကာ အိမ်အောက်ထပ်ကို ဆေးယူဖို့ဆင်းသွားလေသည်။
'ရော့ ဒါသောက်လိုက် ပြီးရင် အစောကြီးအိပ်အုန်း.! ဂိမ်းဆော့မနေနဲ့နော် နက်ဖြန်ကျောင်းသွားရမှာမလား? '
' ဟုတ်...မနက် မနိုးရင် ကျွန်တော့ကို နှိုးအုန်းနော် မား '
'အင်း ကောင်းကောင်းအိပ် Baekhyun '
အခန်းတံခါးကို အသာပိတ်သွားတဲ့ မားရဲ့ကျောပြင်ကို ငေးကြည့်ရင်း..သူသက်ပြင်းချမိသည်။
သောက်ဆေးထဲပမာဏ အနည်းငယ်ပါဝင်တဲ့ အိပ်ဆေးကြောင့်...တနေကုန်မနားထားရသေးတဲ့ သူ့မျက်လုံးအစုံဟာ..တဖြည်းဖြည်းတော့ မှေးဆင်းလာခဲ့သည်။
YOU ARE READING
Still I Remember
Fanfictionတစ်ခါ ကျောခိုင်းဖူးတဲ့ မင်းက နောက်တစ်ခါ မလုပ်တော့ပါဘူးလို့ ကတိပေးနိုင်လား. Chan *My own creation* 👉By Aeri_Shixun👈