Still I Remember

465 48 10
                                    

Part-7 (The Past)

####

ကျွန်တော်တို့ ၂ယောက်ရဲ့ပတ်သတ်မှုက ချစ်သူဆိုတယ့် ခေါင်းစဉ်အောက်မှာ ရှိခဲ့ပင်မယ့် သူငယ်ချင်းဘဝနှင့်မခြားနားသော ဆက်ဆံရေးတစ်ခုပင်..
အထူးတလည်ပြောင်းလဲခြင်းမရှိလာသော ဆက်ဆံရေးတစ်ခုဆိုလည်း မမှားလောက်ဘူးထင်တယ်

                
                 *Still I Remember*

'ဒါဆို..Chan ဘာတတ်မယ်လို့ စဉ်းစားထားလည်း?'

'ကိုယ်လား..မပြောတတ်သေးဘူး.? Baekရော ဘာတတ်မယ်စိတ်ကူးထားလည်း?'

'အင်း Baek လည်း တူတူပါပဲ'

မကြာသေးခင်က.. သူတို့အထက်တန်းနောက်ဆုံးနှစ် အောင်စာရင်းထွက်ပြီးပြီဖြစ်သည်။

Chanyeol တို့တစ်အုပ်စုလုံး အမှတ်ကောင်းကြသည်။
တတ်ချင်တယ့်ကျောင်း ခေါ်ယူတဲ့ အမှတ်ကိုလည်း မှီကြသည်။
Jongdae တို့နှင့်တောင် မတွေ့ဖြစ်တာကြာသောကြောင့် သူတို့ ဘာမေဂျာယူပြီး ဘယ်ကျောင်းတတ်မလည်းဆိုတာ ၂ယောက်စလုံး မသိကြပေ..

'အာ..Chan ငါတို့ Jongdae တို့နဲ့ တစ်ရက်တွေ့ကြရအောင်လား..မတွေ့ရတာ ဘယ်လောက်တောင်ကြာပြီလည်း?'

'အင်းနော်.. တစ်ရက်ချိန်းပြီးတွေ့ကြတာပေါ့...'

'ကဲ ထတော့ Baek အိမ်ပြန်ဖို့ အချိန်လည်း နီးနေပြီ'

လက်ကနာရီကို ငုတ်ကြည့်မိတော့ ဟုတ်သား သူတို့ ဆိုင်ထိုင်တာ တော်တော်ကြာသွားတာပဲ

'အကိုတို့ သွားကြတော့မလို့လား?'

ဆိုင်ထိုင်တယ့် တစ်နှစ်တာအတောအတွင်း ဆိုင်ဝန်ထမ်းကောင်လေးတွေနဲ့ ရင်နှီးကုန်ကြပြီ..
အားလုံးရဲ့ အမြင်မှာ သူတို့တွေက သိပ်ကိုရင်နှီးကြတယ့် သူတွေလို့ပဲ ထင်ထားကြသည်။
သာမန် သူငယ်ချင်း၂ယောက် ကော်ဖီဆိုင်ထိုင် စကားပြောသလိုပေါ့...
ပတ်ဝန်းကျင်က လက်မခံနိုင်သေးသော ပတ်သတ်မှုကြောင့်
သူတို့ လုပ်ရိုးလုပ်စဉ် ဖြစ်တဲ့ လက်ကိုင်ခြင်းတောင် မလုပ်ဖြစ်ကြပေ..

'Baek'

'ဟင်'

အိမ်ပြန်လမ်းမပေါ် တစ်ယောက်နဲ့ တစ်ယောက်ယှဉ်လျှောက်ရင်း..စကားတွေအများကြီး ပြောဖြစ်ကြတယ်

Still I RememberWhere stories live. Discover now