Part_14
*Still I Remember*
"Baekhyun...ငါတို့ မတွေ့ရတာတောင် ကြာရောပေါ့ "
သီချင်းသံခပ်တိုးတိုးသာကြားနေတဲ့ဆိုင်လေးထဲ..
Jongdaeက စလို့ပြောလာလေသည်။ အမှန်တကယ်ကို မတွေ့ရတာ နှစ်တွေကြာလေပြီလေ။ သူတို့ တက္ကသိုလ်စတတ်ထဲက ဆိုပါစို့။...လေးငါးခြောက်နှစ်လောက်တော့ရှိပြီ။"အင်းနော်..ဖုန်းနဲ့တောင်အဆက်အသွယ်လုပ်ဖို့ မအားခဲ့ကြဘူး "
"ပြောရမယ်ဆို..ငါဒီနှစ်အတောအတွင်း.ဥပဒေစာမေးပွဲအတွက် လုံးပန်းနေတာနဲ့ social mediaတွေလည်း ကောင်းကောင်းမသုံးနိုင်ပါဘူးကွာ။ ဒီဖုန်းတောင် အဆက်အသွယ်လုပ်ဖို့ရှိနေလို့ အသုံးဝင်နေတာ "
လက်ထဲကဖုန်းအမဲလေးကို ကိုင်ရင်း Jongdaeက ရယ်တဝက်နဲ့ပြောလေသည်။
"မင်းအရမ်းကြိုးစားနေတာသိသာပါတယ် ပိန်တောင်ပိန်သွားတာပဲကို "
"ခိခိ..ဒါကတော့..ငါ gym ဆော့နေလို့ပါ.."
နှစ်တွေအကြာကြီးနေမှ ပြန်တွေ့ကြပြီး စကားစပြီးပြောတဲ့အချိန်ကတော့ အိုးတို့အန်းတမ်းဖြစ်စေသည်။ နောက်တော့လည်း..စစနောက်နောက်ရှိတဲ့ Jongdae ကြောင့်.ပြန်ပြီး..အခြေအနေလေးက အရင်အခ်ျိန်တွေလိုနွေးထွေးသွားတော့၏။
"ဒါနဲ့ Baekhyunee မင်းကျောင်းသားဟောင်းတွေ့ဆုံပွဲတိုင်း မတတ်ဘူးနော် "
"အားလုံးနဲ့ အဆက်အသွယ်ပြတ်နေတော့ငါလည်း မလာဖြစ်တော့တာပါ"
အဆက်အသွယ်ပြတ်နေတာထက် သူကိုယ်တိုင်ဖြတ်ထားခဲ့တယ်ဆိုတာ..သူပဲသိသည်။
"ဒီတစ်ခေါက်လာဖြစ်အောင်လာခဲ့ကွာ ငါလည်း အဲ့ချိန်စာမေးပွဲပြီးပြီဆိုတော့ သေချာပေါက်လာဖြစ်မှာ "
"အင်း..ငါအချိန်ရရင် လာခဲ့ပါ့မယ်"
သူ Jongdae ကိုမေးချင်တဲ့အကြောင်းအရာတွေရှိနေသည်။..မေးသင့်ရဲ့လား.။ သူတို့အကြောင်းတွေကို Jongdae များသိသွားလေမလား။
YOU ARE READING
Still I Remember
Fanfictionတစ်ခါ ကျောခိုင်းဖူးတဲ့ မင်းက နောက်တစ်ခါ မလုပ်တော့ပါဘူးလို့ ကတိပေးနိုင်လား. Chan *My own creation* 👉By Aeri_Shixun👈