Part_5
###
နွေကျောင်းပိတ်ရက်တွေ ကျော်လွန်ကာ အထက်တန်းအောင်စာရင်းတောင်ထွက်တော့မည့် အချိန်ကို ကျွန်တော်တို့ စောင့်ဆိုင်းနေသော အချိန်ဖြစ်သည်။
စာမေးပွဲဖြေပြီး. သိပ်မကြာခင်မှာ ကျွန်တော်တို့သူငယ်ချင်းတစ်စု မြို့အနှံ့ လျှောက်သွားကြရန် စီစဉ်ဖြစ်ခဲ့သည်
အားလုံးရဲ့ စုရပ်အနေဖြစ်သတ်မှတ်ထားသော ကျောင်းနားက ပန်းခြံလေးမှာ ကျွန်တော်တို့ JongDae အလာကို ရပ်စောင့်နေမိသည်..
အဓိက စီစဉ်သူမှာ သွက်သွက်လက်လက်ရှိသောJongdae ပင်ဖြစ်သည်..
သင်းက ခုထိကို မလာနိုင်သေးပေ..'ဟိုမှာ Jongdae'
ရပ်စောင့်နေရင်း Woomin တို့ပြောလို့ ရန်တွေ့ရန် လှည့်ကြည့်မိတော့ Jongdae ရဲ့ ဘေးမှာ ရပ်နေသော 'သူ'
'အော် chanyeol ပါ ပါလာတာလား'
ကျွန်တော် ကြောင်ပြီး ကြည့်နေမိတုန်း ဘေးက တစ်အုပ်စုက မေးမြန်းနေကြသည်'Sorry ကွာ..ငါနောက်ကျနေတာ chanyeol ကိုဝင်ခေါ်နေရလို့'
'လာ..လာ မြန်မြန် သွားကြမယ် အချိန်လည်း အများကြီးကျန်အောင်လို့'
အားလုံးက ဆော်ဩမှ လှုပ်လှုပ်ရှားရှားဖြစ်ကြကာ သွားဖို့သတိရကြတော့သည်..
အားလုံး ဘတ်စ်ကားစီးရန် သဘောတူကြသောကြောင့်, ဘတ်စ်ကားစီးဖြစ်ကြသည်
အားလုံး အသီးသီး ဝင်ထိုင်ကြတော့ ကျွန်တော်နှင့် chanyeol တစ်ခုံတည်း ကျသွားတော့သည်
ကျွန်တော်ဟာ သူ့ကိုမရင်ဆိုင်ချင်သောကြောင့် ရှောင်ချင်သော်လည်း ကံကြမ္မာက မျက်နှာသာမပေးခဲ့ပေ..ပြတင်းပေါက်ဘေးဝင်ထိုင်ရင်း အပြင်ကိုသာ နေရခက်စွာ ထိုင်ငေးနေမိသည်..
သူနှင့် ကျွန်တော်ကြားမှာ ဆက်ဆံရေးက အင်မတန် အေးစက်လို့်နေပြီကိုး...
သူသာအနားမှ ထိုင်နေပင်မယ့်... ကျွန်တော်တို့၂ယောက်ကတော့ ဝေးကွာနေသလိုခံစားရသည်..
သူ့ကိုယ်သင်းနံ့လေးကို ရှူရှိုက်နေရသောကြောင့် ရင်ဘတ်ထဲမှ အလျင်အမြန်ခုန်ပေါက်နေသော... သူ့ကိုချစ်မိသော... နှလုံးသားနုနု....'Baekhyun စာမေးပွဲ ဖြေနိုင်တယ်မလား??'
'အမ်...'
YOU ARE READING
Still I Remember
Fanfictionတစ်ခါ ကျောခိုင်းဖူးတဲ့ မင်းက နောက်တစ်ခါ မလုပ်တော့ပါဘူးလို့ ကတိပေးနိုင်လား. Chan *My own creation* 👉By Aeri_Shixun👈