Part_10
လွယ်လွယ်ချစ်ခဲ့တာမဟုတ်လို့..မြန်မြန်မေ့ပျောက်ဖို့ဆိုတာခက်ခဲလွန်းတယ် Chan....
*Still I Remember*
မနက်ခင်း ကျောင်းတတ်ရက်ဟာ..သူ့အတွက်
အလျင်လိုစရာမလိုတော့ပေ..
သူအိပ်ယာကို ပုံမှန်စောစောနိုးဖြစ်သည်လေ။
မေမေ့လက်ရာ မနက်စာ စားကာ သူအိမ်ကနေထွက်လာခဲ့သည်။
ကြည်လင်နေသော ကောင်းကင်နဲ့ တိုက်ခတ်နေသော လေနုအေးက ဆောင်းဦးရောက်ပြီဆိုတာ သိသာစေသည်။
ဖုန်းနဲ့ ချိတ်ဆက်ထားသော Earphones နှစ်ဖက်ကို နားနှစ်ဖက်တွင် ထည့်ပြီး.နားထောင်လိုက်သည်။
သူ့ရဲ့ Repeat and Repeat ဖြစ်နေတဲ့ သီချင်းတွေက... SKY ရဲ့ သီချင်းတွေသာဖြစ်သည်။*နားကြပ်ကြီး တပ်ပြီး လမ်းမလျှောက်ပါနဲ့ အချစ်ရာ*
တစ်ချိန်က သူစနောက်ပြီး ပြောခဲ့တဲ့ စကားလေးက နားထဲပြန်ဝင်လို့လာသည်။
အင်း~~~ မေ့ပျောက်ဖို့ ကြိုးစားနေကာမှ... တခါတလေ ရှားပါးလှတဲ့ အမှတ်တရတွေကြောင့် သတိရမိပြန်သည်။'အယ် Baekhyun ထူးဆန်းလှချည်လား!'
အခန်းထဲ နားကြပ်တပ်ပြီး မှောက်အိပ်နေသော သူ့ကို စိန်ကတုံးခေါ် kyungsoo က အံ့ဩနေသည်။
ပုံမှန်ဆို ကျောင်းကို မနက်ပိုင်းတစ်ချိန်လွတ်မှ လာနေကြသူက... ယခု သူ့ထက်စောရောက်နေမှတော့...Do Kyungsoo တို့ ဒီလအတွက် ထီပဲပြေးထိုးရမလို..'ဘာတွေ ထူးဆန်းနေတာလည်း Kyungsoo'
Baekhyun သူ့အနားကို လူရောက်နေလို့ မော့ကြည့်တော့ Kyungsoo ဖြစ်နေသည်။
မတ်တပ်ကြီးရက်ပြီး..သူ့ကို ထူးဆန်းသလိုကြည့်နေတာ..
မသိရင်...တခြားဂြိုလ်ပေါ်က ကျလာတဲ့ ဂြိုလ်သားကို မမြင်ဖူးသလိုကြည့်နေတဲ့ အကြည့်မျိုးဖြစ်သည်။'ဟျောင့်... ထိုင်ပါဆိုကွာ'
မထိုင်ပဲရပ်နေတဲ့ Kyungsoo ကြောင့် Baekhyun ဒေါပွလာသည်။
'ပေးစမ်း ဘာတွေနားထောင်ပြီး အိပ်နေတာလဲ?'
ခုံကို ဆွဲယူထိုင်ကာ သူ့ဖုန်းနဲ့ နားကြပ်ကို လာဆွဲလုနေသော စိန်ကတုံး..
'ဟာ...ဒါ SKY သီချင်း.မလား?'
'အေ့လေ မင်းက SKY Fan လည်းပြောသေးတယ် သူတို့သီချင်းတွေတောင် မသိဘူးလား?'
YOU ARE READING
Still I Remember
Fanfictionတစ်ခါ ကျောခိုင်းဖူးတဲ့ မင်းက နောက်တစ်ခါ မလုပ်တော့ပါဘူးလို့ ကတိပေးနိုင်လား. Chan *My own creation* 👉By Aeri_Shixun👈