ချစ်ကြိုးသီတဲ့ ကျိန်စာ(3)

1.7K 155 12
                                    


ကျနော်အိမ်ကို ရောက်တော့ ခြံပေါက်ဝမှာ ရပ်နေတဲ့ ကောင်လေးကြောင့်  နောက်မဆုံမိစေနဲ့ ဆိုတဲ့ စကားက လှောင်ပြောင်နေသယောင်  

appa ပြောပြလို့  အိမ်က အလုပ်သမား ဦးလေးရဲ့တူဆိုတာ သိခဲ့ရတယ် ဒါဆို သူလည်း အလုပ်သမားပဲပေါ့  ခြံထဲ ဝင်လာကတည်းက  မျက်တောင် လိုက်မခက်တန်းလိုက်ကြည့်နေရအောင် မင်းက ဘာမို့လို့လဲ
ဖြူဖက်ဖြူရော်နဲ့ သူ့ပုံစံက လူကို စိတ်ရှုပ်စေတယ်

ကျနော် နာမည် jung kookဆိုတာသိတော့ အံသြခြင်းနဲ့ ဝိုင်းစက်သွားသော သူ့မျက်ဝန်းကို အကြည့်စူးစူးနဲ့ ပြန်ကြည့်လိုက်တော့  သူမဟုတ်သလို မျက်နှာလွဲသွားတယ်

appaက နယ် ဘက်ကို အလုပ်ကိစ္စနဲ့ သွားမှာမို့ သူ့ဦးလေးပါ လိုက်ရမည် ဖြစ်တာကြောင့် သူ့ကို ခိုင်းဖို့ မှားနေတာက  သူ့ဦးလေး
သူ မသိမသာ ခိုးခိုး ကြည့်နေတာ က ကျနော်

ကြောင်တောင်တောင် နဲ့  ဘာကောင်မှန်းမသိဘူး

-------
ကျောင်းပိတ်ရက်ဆိုတော့ အလုပ်သမားအဆောင်ရဲ့ဘေးမှာ ရှိတဲ့ နှင်းဆီ ခင်း ကြီးကိုရေလောင်းနေရင်း စဉ်းစားမိတာက အကိုလေး အကြောင်း

ဒီအိမ်ကို ရောက်စဉ်က  ဓာတ်ပုံသာ တွေ့ဖူးပေမယ့် အတိတ် တခိုး ရင်ခုန်ခဲ့မိတဲ့သူ  အခြေအနေ ကွာခြားမှန်းသိပေမယ့်  အိမ်မက်တော့ ကျနော် မက်ခွင့် ရှိတယ် မလား

ပြန်လာမည့် ရက်တုန်းက အရမ်းပျော်နေခဲ့ပေမယ့် သူ့သူငယ်ချင်းအိမ်ကို လိုက်သွားလို့ မနေ့ကမှ ပြန်ရောက်တယ်

ကျနော် ဆိုတဲ့ကောင်ကလည်း ဓာတ်ပုံကို တွေ့ပြီး ရင်ခုန်နေပေမယ့်သူဌေးကြီးရဲ့သား jung kook ဆိုတဲ့ သူ့နာမည်ကို တခါမှ မမေးမိ 

ကံတရားက ဆုံချင်တော့လည်း စိတ်အနှောက်အယှက်ပေးမိတဲ့ သူ အဖြစ် သက်မှတ်လေသည်

ခြံထဲကို ဝင်လာ တုန်းက သူ့ပုံစံဟာ  ငယ်ငယ်က ဓာတ်ပုံထက်ကို အဆပေါင်းများစွာ ချောလို့ နေတယ်

မြင့်မားတဲ့ အရပ်အမောင်း  ထင်ရှားလှတဲ့ မေးရိုးများက ယောက်ျားပီသ နေပေမယ့်  ယုန်သွားလေးနဲ့ သူ့ပုံစံဟာ တခါတလေ ကလေးပေါက်စလေး အလား

'ချစ်ကြိုးသီတဲ့ ကျိန်စာ'Where stories live. Discover now