ချစ်ကြိုးသီတဲ့ ကျိန်စာ(1)

3.1K 186 5
                                    

*အချစ်ကရယူခြင်းဆိုတာထက် ပေးဆပ်ခြင်းဆိုတဲ့ သဘောကို ကျတော်ပိုပြီး နှစ်သက်တယ် သူ့ရဲ့အချစ်ကိုမပိုင်ဆိုင်ရရင်တောင် ငေးကြည့်ရုံလေးနဲ့ ကျေနပ်နေတတ်တဲ့ကျတော် အခြေနေကွာခြားနေပေမဲ့ ချစ်မိတဲ့ နှလုံးသားကို အပစ်မဆိုမိပြန်ဘူး ဘာလို့လဲ အရမ်းချစ်မိရင် နာကျင်နေရင်တောင် တောင်းတနေမိတာ အချစ်ရဲ့ စွမ်းအားပဲလေ
အမြဲပေးဆပ်ခြင်းနဲ့ ချစ်နေရရင်ပဲ ကျေနပ်ပါတယ်
ဒါပေမဲ့ တစ်ခါတလေ လောဘတတ်မိတာက သူပြန်ချစ်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးတော့ ကျတော်ရူးမိုက်စွာ မျှော်လင့်ဖူးတယ်*

ကျွန်တော် နာမည်က Taehyung
ကျတော်အဖေက အရက်သမား
ဘာအလုပ်မှဘဲ မလုပ်ဘူး မူးလာပြီဆိုလည်း ကျွန်တော်တို့သားမိနှစ်ယောက်လုံးကို ဆူဆဲပြီးရိုက်တယ်
အမေက ကျတော့်ကိုရိုက်ရင် ဝင်တားပေးတော့ အမေ့က ပိုရိုက်ခံတာပေါ့ ပြီးတော့ အဖေက ကျတော့်ကို သားလို့ဘယ်တော့မှမခေါ်ဘူး တခါတလေ အဖေက ကျတော့်အဖေရင်းမှ ဟုတ်ရဲ့လားလို့ တွေးမိတဲ့အထိပါပဲ မိန်းမသားဖြစ်တဲ့ အမေက ကျတော့်ကျောင်းစရိတ်ရှာရတဲ့ အပြင် အဖေအရက်ဖိုးပါပေးရတယ် အမေပင်ပန်းတာ မကြည့်ရက်လို့ ကျောင်းထွက်မယ် ပြောတော့ အမေက လက်မခံဘူး သူပင်ပန်းပေမယ့် ကျတော်သာ ပညာတတ်ကြီးဖြစ်မယ် ဆိုရင် ကျေနပ်ပါတယ်ဆိုတဲ့ ကျတော့်အမေ ကျတော့်အတွက် အနွေးထွေးဆုံး ရင်ခွင်

တစ်နေ့ ကျွန်တော် ဘဝရဲ့ ကံဆိုးမူ့တွေကို ကံကြမ္မာက ထက်ပြီး တွန်းအားပေးမဲ့နေ့
အလယ်တန်းနောက်ဆုံးနေ့ ကျတော်
အိမ်ပြန်လာတော့ အိမ်ဘေးက အဒေါ်ကြီးက
'ဟဲ့ကောင်လေး မင်းအမေ ကားတိုက်မိလို့တဲ့ ခုဏက ဆေးရုံသယ်သွားကြပြီ'

'ဗျာ '

ကျတော်ချက်ချင်းပဲ ဆေးရုံကိုပြေးလိုက်သွား ပေမဲ့
ကျွန်တော်ဆေးရုံရောက်တော့ အမေ့ရဲ့ အသက်ကိုတောင် မမှီလိုက်ဘူး ကျွန်တော့်ရဲ့ အနွေးထွေးဆုံး ရင်ခွင် ပျောက်ကွယ်သွားခဲ့ပြီ

အမေဆုံးပြီး မကြာဘူး အဖေပါ အရက်ရဲ့ကျေးကျွန်ဖြစ်နေတော့ အမေနောက်ကို အမြန်ဆုံးလိုက်သွားတယ်လေ
တစ်ကောင်ကြွက်ဖြစ်နေတဲ့ ကျွန်တော်ကို အမေရဲ့ အကိုဆိုတဲ့ ဦးလေးကြီးတစ်ယောက် က မွေးစားဖို့လာခေါ်တယ်

'ချစ်ကြိုးသီတဲ့ ကျိန်စာ'Where stories live. Discover now