အချစ်ဆိုတဲ့ အရာဟာ ချိုမြန်ခြင်း
နွေးထွေးခြင်း သာယာလှပခြင်း အေးမြခြင်းတွေ ရှိသလိုပူလောင်ခြင်း လောင်မြိုက်ခြင်း တမ်းတခြင်း လွမ်းဆွတ်ခြင်း စသည့် အရာများ ရှိနေကြသည်
ထိုသို့ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုနိုင်သော အချစ်ကို ကျနော် ပိုင်ဆိုင် ရရှိနေပြီ ဖြစ်တာကြောင့် ထိုအရာများကို တွေ့ကြုံရတော့မည်
ကြင်နာသူ ရင် ခွင်မှာ ခိုနားစဉ် ကြည်နူး ပြီးပြည့်စုံခြင်း နွေးထွေး လုံခြုံ ခြင်းတွေ ပြည့်နှံ့ နေတဲ့ အရာကို ခံစားမိခိုက်
တချိန်ချိန်မှာ ဆုံးရှုံးရမှာလား ဆိုတဲ့ စိတ်က ဝမ်းနည်းမူ့အပြည့်နဲ့ စိုးရိမ်ပူပန်ရသည်
ကျနော် မဆုံးရှုံးချင်ပါ အသက်မျှ ချစ်ရသော သူ့ကို ဆုံးရှုံးရမယ် ဆိုလျှင် ကျ နော် ရူးနိုင်သည်
TV ရှေ့ ဆိုဖာမှာ ကျောမှီပြီး ထိုင်နေတဲ့ ချစ်ရသူ တစ်နည်းအားဖြင့် နှလုံးသားရဲ့ အရှင်သခင် ၏ ရင်ခွင်မှာ ကျနော် မှေးစက်လို့ နေရင်း
ကမ္ဘာပေါ်မှာ ကျနော့် အတွက် ပြီးပြည့်စုံလွန်းသော လူသား တည်ကြည်ခန့်ညားလွန်းတဲ့ သူက
TV ကြည့်နေရင်း ရင်ခွင်ထဲမှာ ရှိနေတဲ့ ကျနော့် ခါင်းက ဆံပင်လေးတွေကို ပွတ်သပ်ပေးနေတယ်လေကျနော်လား ကျနော်ကတော့ TVကို စိတ်မဝင်စားဘူး
သူ့မျက်နှာကို ကြည့်နေရရင်ပဲ ပြီးပြည့်စုံနေပြီလေ ဘယ်အရာနဲ့မှ အစားမထိုးနိုင်လောက် အောင် ကျနော် ချစ်မိသည်Tae; ကို
kook…
Tae: ကို
kook…
Tae : ကို လို့ အွန်………
ချိုမြိန်တယ် နူးညံ့တယ် စူးရှတယ် သူ့ရဲ့ အနမ်းးးးးးး
အနမ်းကို မတုန့်ပြန်ပဲ ငြိမ်ငြိမ်လေး မလှုပ်မယှက် ရှိနေပေမယ့်
ရင်ဘက်ထဲက နှလုံးသားက ဆူနာမီထက် အဆပေါင်းများစွာ သာနေမယ် ဆိုတာ ကျနော် ပြောရဲတယ်
ပြန် မနမ်းတဲ့ ကျနော့်ကို ခါးကနေ သူ့ရင်ခွင်ထဲ အဆုံးရောက်အောင် ဆွဲမပြီး လက်တစ်ဖက်က ခေါင်းကိုထိန်းကာ နှုတ်ခမ်းကို အသာလေးဖိကပ်ထားရာကနေ
ကျွမ်းကျင်စွာရှိုက်နမ်းလာတဲ့ သူ
![](https://img.wattpad.com/cover/110841573-288-k161746.jpg)