ချစ်ကြိုးသီတဲ့ ကျိန်စာ(4)

1.5K 154 8
                                    


*အချစ်ဆိုတဲ့ အရာဟာ တခါတလေမှာ မျက်လှည့်ဆန်တဲ့ မှော်ပညာလို  နှလုံးသားကို လှည့်စားတတ်ကြတယ်

ဖြူစင်တဲ့ ချစ်ခြင်းကို မေတ္တာငက်နေသော လူသားတစ်ယောက်အတွက်ဒါဟာ နှလုံးသားက အချစ်စစ်လို့ ထင်တတ်တယ်

အဲ့လို  အချစ်ရဲ့ လှည့်စားခြင်းကို သိနိုင်မည့်နည်းကတော့
နှလုံးသားမှာ နက်ရှိုင်းစွာဖြစ်ပေါ်လာတဲ့ အချစ်စစ်ကသာ အဖြေရှာနိုင်မည်*

-------

နှလုံးသားရဲ့ အရှင်သခင်က အမိန့်ဆိုတိုင်းကို  အပြုံးမပျက်နာခံနေတတ်တဲ့ကျနော် 

သူပေးခဲ့တဲ့ လက်ကဒဏ်ရာကို အရူးထစွာ နမ်းမိခဲ့တဲ့ကျနော်
အရှင့်ရဲ့ ခြေဖဝါး ဖြတ်လျှောက်ခဲ့ခြင်းကြောင့်ပင်

ကျနော် တော်တော် ရူးသွပ်တယ်မလား  ဟုတ်တယ် ကျနော် နေရာမှာ ခများတို့ဆိုလည်း ရူးသွားနိုင်တာပဲ

နေ့တိုင်းမြင်နေရတဲ့ မျက်နှာတော်နဲ့ အမိန့်ပေးတဲ့ စကားလေးက နားထဲမှာ အမြဲကြားယောင်လို့နေတယ်

သြော် ဒါတောင် အမိန့်စကားနော်
ချိုသာတဲ့ အချစ်စကားသာဆို  ကျနော်ဆိုတဲ့ Taehyungဟာ  ကုရာနတ္ထိ ဆေးမရှိလေပြီ

ဒီလို အခြေအနေဆိုတာ တဖတ်သက် ချစ်ရတဲ့ လူတိုင်းမှာ အနည်းနဲ့ အများတော့ရှိတတ်ကြ စမြဲပဲလေ

သူဌေးကြီးနဲ့ ဦးလေး ခရီးက  နောက်တစ်ပတ်လောက်ကြာအုံး မည် ဖြစ်တာကြောင့် အကိုလေးစိတ်မရှုပ်စေရန် အတတ်နိုင်ဆုံး ကြိုစားလို့နေတယ်

အကိုလေး သူငယ်ချင်းဖြစ်တဲ့ hyungက လည်း အကိုလေးရဲ့ အချစ်ကို ငြင်းခဲ့ပေမယ့်  အကိုတစ်ယောက်လို နွေးထွေးနေတုန်းပါပဲ  ဒါပေမယ့် အကိုလေးဘက်ကတော့ ပြောင်းလဲနေတယ် ကျောင်းမှာဆို လည်း အကိုလေးကိုတစ်ယောက်တည်းပဲ တွေ့တာများတယ်

ချစ်ခြင်းကို မျက်ကွယ်ပြုလို့ အရမ်းခံစားနေရလား အကိုလေး

ကျနော်လေ ဖြစ်နိုင်ရင် jin hyungကို ပြောပေးချင်တယ်
အကိုလေးပြောသလို jin hyung ကကျနော်ကို ချစ်နေတာဆိုရင် တောင်  ကျနော်လိုလူနဲ့ ဘယ်လိုနည်းနဲ့မှမတန်ပါဘူး

'ချစ်ကြိုးသီတဲ့ ကျိန်စာ'Where stories live. Discover now