မနက်ခင်း ကျောင်းကိုရောက်တော့ ကျောင်းကလူတွေ အကုန်လုံး ရဲ့ အာရုံဟာ ကျနော် ဆီမှာ
ပ်ျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်နှင့် အတူ ပြိုင်ကားပေါ်မှ ဆင်းလာခြင်းကြောင့် လူအားလုံးရဲ့ မျက်ဝန်းတွေကအားကျခြင်း မနာလိုခြင်း ကဲ့ရဲ့ ခြင်း စတဲ့ အဓိပ္ပာယ်တွေ နဲ့ ကြည့်နေကြတယ် ကျနော် မနေတတ်တော့ဘူး
အဲ့လို ကြည့်နေတဲ့ လူတွေကို ကြောက်တယ် ဒါပေမယ့်
နွေးထွေးတဲ့ လက်တစ်စုံ ကကျနော့်လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ချိန်မှာတော့ ကျနော် ကြောက်စိတ် တွေ အနည်းငယ် လျော့သွားတယ်
ဘေးနားက သူ့ကို မေ့ကြည့်လိုက်တော့ တောက်ပတဲ့ အပြုံးနဲ့ ကျနော့်အတွက် အမြဲရှိနေမယ် ဆိုတဲ့သူ
ဒီလို ဆိုရင်တော့ ကျနော် အရာအားလုံးကို ရင်ဆိုင်ရဲတယ်
ကိုယ်သာ အနားမှာရှိရင် ကျနော် ဘာကိုမှ မကြောက်တော့ဘူးTaehyung!
အံသြမှု့အပြည့်နဲ့ အော်ခေါ်လိုက်တဲ့ ကျနော့်သူငယ်ချင်း
jimin:မင်း ဘယ်… ဘယ် လို
သူ့ဘေးမှာလည်း ကျနော့်လို နွေးထွေးမှု့နဲ့ လက်တွဲထားတဲ့ သူတစ်ယောက်
ဟင် ဒါ ဟိုအချေက ဘယ်လို ဖြစ်လို့ jiminနဲ့
Tae: မင်းကရော ဘယ်လိုဖြစ်တာလဲ
jimin : hee ငါအကုန်ပြောပြမယ် လာ မင်းရောပြောပြ
jimin ဆွဲခေါ်ရာ နောက်ကို ပါသွားပြီး
ကိုယ်နဲ့ သူ့လူကြီးကတော့ အလိုက်သိစွာ အဲ့ဒီနားမှာပဲ ကျန်ခဲ့သည်
jin: kookie မင်း မင်းနဲ့ Tae က
ကြေကွဲ ခြင်းတွေနဲ့ hyung အသံ
kook: ကျနော် ရှင်းပြမယ်hyung ခေါင်မိုးထပ်သွားရအောင်
ငြိုးငယ်နေတဲ့ မျက်နှာနဲ့ ဘာစကားမှ မပြောပဲ လိုက်လာတယ်
kook: hyung ကျ ကျနော် ဘယ်လိုပြောရမလဲ
jin: kookie hyung တောင်းပန်ပါတယ် hyungကို မကျေနပ်တာနဲ့ ဒီလိုတော့မလုပ်ပါနဲ့
