ချစ်ကြိုးသီတဲ့ ကျိန်စာ(2)

1.9K 165 11
                                    


ကိုယ့်မွေးရပ်မြေကို ပြန်လာရတော့ လည်း
စိတ်ထဲ အလိုလို ပျော်မိသား
ပိုပြီးကြည်နူးမိတာ ချစ်ရသူက ဘေးမှာ အမြဲရှိနေတော့ဘယ်အရာမဆို လှပ နေစမြဲ
ချစ်ရသူက တခြားလူမဟုတ် ကျတော့်ကို ညီလေးလို့သတ်မှတ်ထားတဲ့
hyung.
ကျွန်တော် LAမှာ ကျောင်းသွားတက်ချင်တယ်ပြောတော့  appaနဲ့ ထပ်တူ စိတ်မချဖြစ်ပေးတဲ့သူ့ကို ကျွန်တော် မေးလိုက်ချင်တာက hyungရဲ့ စိတ်မချမှု့တွေမှာ အဖြူရောင်မဟုတ်ဘဲ  အချစ်ဆိုတဲ့ အရောင်လေး ပါမနေဘူးလားလို့ပါ ဒါပေမဲ့  ရိုးသားတဲ့ ဂရုဏာမျက်ဝန်းလေးက  အဖြူရောင်ကို အရောင် မဆိုးစေဖို့ တားမြစ်နေသယောင်  အရမ်းအလိုလိုက်ပြီး ဂရုစိုက်မူ့တွေ ပေးတဲ့  hyungကို ကျတော် စွဲလမ်းမိတာ မှားလား?
ကြင်နာတတ်တဲ့ နှလုံးသား ပိုင်ရှင်နဲ့ စတွေ့ခြင်းရဲ့ အတိတ်ဆီသို့

လွန်ခဲ့သော ၅နှစ်ခန့်----

ကောင်းကင်တခွင်မှာ ပြိုတော့မည့် မိုးနှင့်အတူ ကျနော့်ရင်ထဲမှာ အရမ်း ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု အစပြုလို့နေပြီ

ကျွန်တော့်ကို အရမ်းချစ်တဲ့ omma
ကျနော့်ကို အရမ်းဂရုစိုက်တဲ့omma မှာ
အသည်းကင်ဆာတဲ့လေ
သိခဲ့ရတာက လောကကြီးကို နှုတ်ဆက်သွားတဲ့ နေ့မှ

ကျနော် အရမ်းနောင်တရတယ် ပြီးပြည့်စုံနေတဲ့ ဘဝကို ပိုပြီူး နွေးထွေးစေခဲ့ပေမယ့် ကျနော် မလိမ္မာခဲ့ဘူး ကျောင်းတတ် မမှန်တဲ့ ကျနော့်ကြောင့်  ရုံးခန်းကို ခဏခဏ လာရတဲ့အပြင် appa ရဲ့ အဆူခံကနေ လွတ်အောင် ကူညီပေးတဲ့ ommaကို ကျနော်  အပြည့်အဝ အချစ်တွေ မပေးလိုက်ရသေးဘူး

အလေလိုက်ပြီး  ဆိုးသွမ်းနေတဲ့ ကျနော်ဟာ omma ပါးကို နမ်းဖို့ အချိန်မပေးခဲ့မိဘူး

အခုတော့ အရာအားလုံးနောင်တများစွာနဲ့ ပြီးဆုံးသွားမှာလား
တောင်းပန်ပါတယ် omma ရယ် သားဘက်က တာဝန်မကျေလို့

ရင်ထဲက ပြင်းထန်နေတဲ့ မုန်တိုင်းကို ဖြေဖျောက်ဖို့ အတွက်
အငြိုးနဲ့ ရွာနေတဲ့ မိုးသည်းထဲကို ပြေးထွက်ခဲ့တယ်

ဘယ်တွေရောက်နေမှန်းလည်း မသိတော့ဘူး မိုးရွာထဲ လျှောက်သွားနေမိတာ ၂နာရီကျော်လောက်ရှိပြီ ကျနော့်နှုတ်ခမ်းများလည်း တုန်လို့နေပြီ နွေးထွေးတဲ့  ရင်ခွင်နဲ့ omma သားကို လာဖတ်ထားပေးပါလား 
ကျနော် ဆက်မလျှောက်နိုင်တော့နဲ့ လမ်းဘေးမှာပဲ ထိုင်ချပြီးငိုနေမိတယ်

'ချစ်ကြိုးသီတဲ့ ကျိန်စာ'Where stories live. Discover now