part-5

1.4K 154 0
                                    

    တီ~~~~~~

မြင်​ပြင်းကပ်​ချင်​စရာ Alarm အသံ​ကြောင့်​...လူကမထချင်​​ပေမဲ့လည်း....ထရ​ပေမည်​​လေ~~

alarmသံကို​တောင်​ ကိုယ်​ကြိုက်​တဲ့သီချင်းထားမိရင်​ မုန်းမိမှာစိုးလို့....ph setting ထဲမှ auto  Alarm ​​တွေကိုသာထားရင်း~~

နာရီကို လှမ်းကြည့်​​တော့ထဖို့သင့်​​နေပြီ....တစ်​ခါတစ်​​လေ ​တော့​လေ....ကျွန်​​တော့်​ရဲ့တစ်​​နေ့တာကို စွန့်​စားခန်း​တွေနဲ့ ဖြတ်​သန်းချင်​မိတယ်​...

ကျွန်​​တော်​ Do Kyung Soo ဒီလိုလူမသိသူမသိ​ပေါတာလည်း ရှိပါသည်​.....

"ဟူးးးးးး "

ဒီ​နေ့လည်းပဲ ခါတိုင်းလိုပျင်း​ခြောက်​​ခြောက်​ ဘယ်​အရာ​တွေက ​စောင့်​ကြို​နေမလဲ မသိ...

မသိလည်း...မသိချင်​ဘူး~~

နေ့ရက်​တိုင်းဟာ ပျင်း​ခြောက်​​ခြောက်​လိုခံစားမိတယ်​...

အိမ်​ကမိဘ​တွေကလည်း ကိုယ်​နဲ့အ​ဝေးမှာ တစ်​​ယောက်​တည်း ရှာ​​ဖွေစား​သောက်​မယ်ဆိုပြီး ​ကြွေး​ကြော်​​အော်​ဟစ်​ကာ ထွက်​လာ​ပေမဲ့....သူတို့ကိုလက်​ခ​မောင်းခတ်​ကာ ကြွားဝါနိုင်​တဲ့ အ​ခြေအ​နေကို မပိုင်​ဆိုင်​​သေး....

အို~~တစ်​ချိန်​​တော့ ပိုင်​ဆိုင်​မှာ​ပေါ့...

ရေချိုးခန်း ထဲဝင်​ကာ နား​ထောင်​​နေကြ သီချင်းမြူးမြူး​လေး​တွေဖွင့်​ရင်း....ခါတိုင်းလိုပဲ ဖြတ်​သန်းဖို့ပြင်​ဆင်​လိုက်​တယ်​....

          *************************

အလုပ်​​ရောက်​​တော့...ကျွန်​​တော်​​နောက်​မကျပါ ဒါ​ပေမယ့်​ Bossက ​စော​ရောက်​​နေတယ်​....

သူသည်​အင်​မတန်​လုံ့လ၀ီရိယ ရှိပုံရသည်​....

ထားပါ ဒါ​တွေကိုယ်​နဲ့မဆိုင်​~~

ကိုယ့်​​နေရာက သူ​ဌေးရုံးခန်းရဲ့ အပြင်​မှာဆို​ပေမဲ့ မီးအ​ရောင်​​ကြောင့်​ သူရှိမှန်းရိပ်​မိပါသည်​....

ကိုယ့်​​နေရာမှာ ကိုယ်​ထိုင်​ကာ ဘယ်​လိုမျိုး ​ထွေလီကာ
complain ​တွေတက်​လာမလဲ ​စောင့်​​မျှော်​​နေတယ်​....

PRIDEWhere stories live. Discover now