မျက်လုံးနှစ်လုံးတို့ပွင့်နေပေမဲ့လည်း မထချင်ပါ.....အလုပ်သွားရမှာ အရင်လောက်မပျော်ဘူး
ဒါပေမဲ့ company တစ်ခုတည်းပဲဟာ တွေ့ချင်တွေ့ရမှာပေါ့~~ဒါလေးနဲ့ပဲ ဖြေသိမ့်ပြီး အလုပ်သွားဖို့ပြင်ဆင်လိုက်တယ်.......
"မင်္ဂလာပါ စားဖိုမှူး ကြီး"
သတင်းကလဲမြန်လိုက်တာ ဘယ်လိုလုပ်သိသွားကြလဲမသိ.....စားဖိုမှူး မှန်း
"ကျွန်တော် မှန်းဘယ်လိုသိကြတာလဲ ပြီးတော့ ဒါတွေပြင်ဆင်စရာမလိုပါဘူး"
ဘေးနားပတ်လည်က party လိုမျိုးအပြင်အဆင်တွေက စိတ်ရှုပ်ဖို့ကောင်းတယ်~~
"ဒါတွေက သူဌေးစီစဉ်ပေးတာပါ"
ဘယ်လို.....ဘာပြောလိုက်တယ်....အိုမို ခေါင်းက ဆက်ခနဲ ပြောတဲ့သူဘက်လှည့်ကာ
"Boss စီစဉ်ပေးတာ?"
သေပျော်ပြီလေ....
"ဟုတ် Bossက Chiefကိုဒီလို ကြိုဆိုဖို့ မှာထားလို့ပါ"
"တိတ်စမ်း သူဌေးပဲခေါ် ဘာ Bossလဲ အဲ့တာ ငါပဲခေါ်မှာ"
မသိရင် သူ့ရဲ့ပိုင်ရှင်လိုလို ဘာလိုလိုနဲ့ ....ခ်ခ် ကိုယ့်ဘာသာကိုယ် တွေးရင်းပျော်နေမိသည်
ဘေးနားက အပြင်အဆင်လေးတွေကလဲ ချစ်ဖို့ကောင်းလိုက်ကြတာ
သူဌေးကလဲ မလိုပါဘူး ဒီလောက်ထိ....
"Chieft အဆင်ပြေရဲ့လား"
"အမ် ဘာကိုလဲ"
"မသိဘူးလေ မျက်နှာကြီးက ပြုံးနေတာပဲ နားရွက်တက်ချိတ်တော့မဲ့အတိုင်းကို"
သူတို့ပြောမှ ကိုယ့်မျက်နှာကအပိုးကို မနည်းသတ်ရသည်....
သူက စီးပွားရေးမှာရော လူမှုရေးမှာရော တော်လှသည်
ကျွန်တော် မလုပ်ချင်မှန်းသိလို့ ဒီလိုစီစဉ်ပေးသည် ဆိုတာ တပ်အပ်ပြောနိုင်ပါသည်...ရောင်းမထွက်တဲ့ပစ္စည်းကို မလိုချင်လိုချင်ဝယ်နားရွက်ကျေနပ်အောင် အလိုက်ပေးခြင်း မျိုး~~
ဒါပေမဲ့ လို့ သူစီစဉ်ပေးထားတာဆိုတော့ ပျော်မိပါသည်
သူ့ကိုလွမ်းလို့ အလုပ်မလုပ်နိုင်ချိန် ဒီလိုအရာလေးတွေနဲ့ ဖြေသိမ့်ရတော့မယ်....
သိပ်ချစ်ဖို့ကောင်းတဲ့လူကြီး~~
************************
"ဟူးးးး "
သက်ပြင်းချတာ ဒါနဲ့ဆို ဘယ်နှစ်ကြိမ်မြောက်မှန်းလဲမသိပါဘူး.....
စိတ်တွေလဲ ဆင်းရဲတယ်~~
တွေ့ချင်တယ်......လွမ်းတယ်~~
"ဟိုလေ.....Chieft"
အနားကိုမ၀ံ့မရဲနဲ့လျှောက်လာတဲ့ ကောင်လေးတစ်ယောက်.....ဖြူဖြူလေးပါပဲ အကောင်ကလဲသေးသေးလေး....
"ကျွန်တော် က Baekhyun ပါ"
အဲ့တော့ ဘာဖြစ်လဲ လဲဆိုတဲ့အကြည့်နဲ့ သူ့ကို့ကြည့်လိုက်တယ် ပါးစပ်ကမပြောပါ လေကုန်တယ်~~
"ဟိုနေ့က ကျွန်တော့်ကိုကူညီပေးတာ ကျေးဇူးတင်ပါတယ်....အဲ့တာပြောချင်လို့ပါ"
အနည်းငယ် စဉ်းစားလိုက်တော့ ဦးနှောက်ထဲပေါ်လာတာက အနူးညွတ်တောင်းပန်နေတဲ့ကောင်လေး
"ရပါတယ် မင်းကို ကူညီတာမဟုတ်ပါဘူး"
သူ့ကိုကူညီတာမဟုတ်ပါဘူး အလုပ်များတဲ့ ကျွန်တော့် Bossကိုဆွဲထည့်လို့~~အဲ့နေ့ကအဲ့လိုဖြစ်သွားတာ
ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင် သူကြောင့် အဲ့ဖြူစုတ်စုတ်ကောင်လေးကြောင့် မဟုတ်ရင် ကျွန်တော် သူ့ secretary အဖြစ်ရှိနေမှာ.....
အမြင်မကြည်သလိုကြည့်လိုက်တော့ ကောင်လေးက
"ကျေးဇူးအများကြီးတင်ပါတယ် အဲ့နေ့က Chieft သာမကူညီရင်...ကျွန်တော်..."
"ဟေးး တော်ပြီ မင်း drama ချိုးတာနာသထောင်ဖို့အချိန်မရှိဘူး...ဖြစ်ပြီးပြီပဲ ထားလိုက်တော့ နောက်မဖြစ်စေနဲ့"
"ဟုတ်....ဟုတ်"
ထိုကောင်လေး ထွက်သွားတော့ ပြန်စလာတယ် သူ့ကိုလွမ်းတာ....ဟူးးးး ဒီလိုပဲ ဖြတ်သန်းရမှာပဲ
အားတင်းထားပါ....လို့ ကိုယ့်ဘာသာကိုယ် အားပေးပေမယ့် မျက်နှာက ပြုံးရွှင်မတက်လာပါဘူး~~
******************
TBC.....
YOU ARE READING
PRIDE
RomanceDika...(yaoi) မာနဆိုတဲ့အရာကို...ခဏလောက် အဝေးကိုလွှင့်ပစ်ပေးပါလား kai .....ငါ့အတွက် ရည်ရွယ်ပြီးတော့လေ...