သူကျွန်တော့် ကို တစ်မှတ်ရတယ် လို့ပြောတဲ့နေ့ကစပြီး ကျွန်တော် လဲ အမှတ်လိုချင်သော ကျောင်းသားပမာ လိုက်ရှာကြံနေရတယ်....
သူကလေ...လူကို အမြဲအခွင့်အရေးတော့ပေးတယ်....ယူတတ်ရင် ပွတာပဲ မယူတတ်ရင်တော့.....မျက်ရည်နဲ့မျက်ခွက်ပေါ့
သူ့ကို ဘယ်ကနေ စချစ်မှန်းတောင်မသိတော့ဘူး...
အဲ့အချိန်ကများလား~~~~
"ခင်ဗျားကို စ အလုပ်ဝင်ကတည်းက ဒီစည်းကမ်းချက်တွေ ထုတ်ထားပြီးသား မင်းမဖတ်ခဲ့ဘူးလား...ကဲ ကြည့် အခုတော့ အောက် ငယ်သားတွေက တိုင်တော့ ကြားကောင်းလား"
သူ လူတစ်ယောက်ကို ဒေါသထွက်နေခဲ့တယ် အဲ့တုန်းက ဒါပေမဲ့ သူ သောင်းကျန်းမနေခဲ့ဘူး အေးအေးဆေးဆေး ပြောနေတယ် ....
"ကျွန်တော် တောင်းပန်ပါတယ် သူဌေး"
"ခင်ဗျား တောင်းပန်ရုံနဲ့ မရတော့ဘူး အခုဟာက ကျွန်တော်လဲ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စ ဒီ အလွဲသုံးစားလုပ်တာကို ကျွန်တော် တင်းတင်းကြပ်ကြပ် တားမြစ်ထားတာ ခင်ဗျား အသိဆုံးပါ"
"......."
ထိုလူတိတ်ဆိတ်နေတယ်....
"မန်နေဂျာ ရာထူးကို ကျွန်တော် ပြန်သိမ်းမယ် ခင်ဗျားကို အလုပ်ထုတ်ပြီ ဒီနေ့က စပြီး"
"ဟာ သူဌေး ကျွန်တော် မှာ အခက်အခဲတွေနဲ့ပါ....အဲ့လိုတော့ မလုပ်ပါနဲ့"
"You can Go Mr.Gu"
ကျွန်တော် အဲ့တုန်းက သူ့ကို ပြတ်သားတဲ့ လူအဖြစ် ပထမဆုံး မျက်မြင်ကိုယ်တွေ့ ပဲ....
နောက်ရက် ထိုလူကို ကျွန်တော် တို့ ရပ်ကွက်ထဲမှာ ပြန်တွေ့ခဲ့တယ်...
"ဦးလေး....နေကောင်းလား"
ကျွန်တော်ကတော့ ခင်မင်မပြတ် သူက ကျွန်တော့်လဲ ကူညီဖူးသူဆိုတော့....
"Aww ကောင်လေး "
ကျွန်တော်တို့ ရာသီဥတုလဲ ပူတော့ ရေခဲချောင်းသွားစားကြတယ်....
YOU ARE READING
PRIDE
RomanceDika...(yaoi) မာနဆိုတဲ့အရာကို...ခဏလောက် အဝေးကိုလွှင့်ပစ်ပေးပါလား kai .....ငါ့အတွက် ရည်ရွယ်ပြီးတော့လေ...