ဒါ ဘာသဘောလဲ......
လက်ခံတာလား~~~ သူငြိမ်နေတယ် အံ့သြ သွားတာမျိုးမဟုတ်ပဲ ငြိမ်နေတာ....
မတ်တပ်ကြီး မေ့သွားတာလား~~~ ကျွန်တော်တို့ကြား လေတွေ ဖြတ်တိုက်သွားသံ ကြားရလောက်အောင် တိတ်ဆိတ်နေတယ်
ိတိတ်ဆိတ်ခြင်းသည် လက်ခံခြင်းးတဲ့ အဲ့သဘောလား မဟုတ်သေးပါဘူး တိတ်ဆိတ်ခြင်းသည် ၀န်ခံခြင်းပါ.....
"ကိုယ် အိမ်ပြန်လိုက်ပို့ပေးမယ်....သွားကြရအောင်"
ဟင်***ဒါ ဘာအဖြေလဲ
ကျွန်တော်လဲ ထပ်မပြောရဲပါ.....အသာတကြည် သူကားပေါ်တက်ကာ အိမ်ပြန်ခဲ့သည်~~~
တစ်ကားလုံးလဲ သူ ဘာစကားမှမဟပါ ဘေးဘီလဲမကြည့်ပဲ အရှေ့ကိုပဲ တည့်တည့်ကြည့်ကာ ကားမောင်းလာသည်....
ကျွန်တော်ကတော့ သူ့ကိုကြည့်လိုက် ခုန်နေတဲ့နှလုံးသားကို ထိန်းလိုက် သက်ပြင်းတွေချလိုက်နဲ့ အလုပ်တွေကိုရှုပ်လို့.....
ဟော ကျွန်တော်အိမ်ရှေ့ပင်ရောက်လာပြီ သူ ဘာတစ်ခွန်းမှမဟပါ......
ကျွန်တော်လဲ ကားပေါ်ကဆင်းကာ သူ့ဘက်အခြမ်းသွားပြီး
"ပြန်လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်"
သူက ခေါင်းတစ်ချက်ပဲ ငြိမ့်ပြီး မှန်တံခါး ပြန်တင်သည်
မှန်တံခါးအမဲလေးက တစ်ဖြည်းဖြည်းတက်သွားပြီ သူ့မျက်နှာလေးကို ဖုံးတော့မယ်
ဟင့်အင်း~~~ကျွန်တော် အဖြေမရသေးဘူး
လက်ဖြင့် တက်သွားသော မှန်တံခါးပိတ်ခါနီး အနည်းငယ်အလိုကို ကျွန်တော့် လက်ဖြင့်ခံလိုက်တယ်.....
"Boss ကျွန်တော် အဖြေမရသေးဘူး"
မရဲတရဲဖြင့် မေးတော့ ကျွန်တော့် အချစ်တုံးကြီးက ချေမိုးကာ ပြောသွားသည်
"ကိုယ့်ကို propose လုပ်တဲ့သူက မင်းတစ်ယောက်တည်းလို့ ထင်နေတာလား....ချက်ချင်းအဖြေပေးရအောင်"
YOU ARE READING
PRIDE
RomanceDika...(yaoi) မာနဆိုတဲ့အရာကို...ခဏလောက် အဝေးကိုလွှင့်ပစ်ပေးပါလား kai .....ငါ့အတွက် ရည်ရွယ်ပြီးတော့လေ...