ဘ၀မှာလဲ ဘာတွေ လုပ်ပြီး အချိန်ကုန်နေမိတာလဲ ဒါမှမဟုတ် အချိန် ဖြုန်းနေမိနေတာလား........ဘယ် မဟုတ်တာ သူ့ကိုချစ်နေရတာ အချိန်ဖြုန်းနေတာမှမဟုတ်တာ .......
ကြိုးစားရင် ဘာမဆို ဖြစ်တယ် ဆိုတာကိုပြောခဲ့တဲ့ ပညာရှင်တွေ ဖြေရှင်းပေးကြပါအုန်း သူဘာလို့ ပြန်မချစ်တာလဲ.......
ဟယ် မဟုတ်တာ မချစ်သေးတာလဲ ဖြစ်နိုင်တာပဲလေ ဟူးးးးးး negative အတွေးတွေ မထားစမ်းနဲ့ kyung Soo ရ
အခု သူ့နှလုံးသားထဲကို ဘယ်အပေါက်၀င်ရမလဲ ပဲ ရှာနေရတာနဲ့တင် အလုပ်တောင် သေချာမလုပ်နိုင်တော့ဘူး
အခုလဲ အလုပ်သွားလမ်းမှာ လမ်းတောင်မလျှောက်ချင်ဘူး
"တီ~~~"
"Ashi......အလွတ်ကြီး လျှောက်နေတာ ဘယ်ကောင် ဟွန်းတီးးး"
အဲ့မှာ လဲသေလိုက် kyung Soo ရေ
"ဟာ ကန်တော့ ကန်တော့ Boss"
"ဘာတွေတွေးနေတာလဲ Kyung Soo shi~ လမ်းလျှောက်တာ ငူငူငိုင်ငိုင်ကြီးနဲ့ "
"ဘ၀ရှေ့ရေးတွေ စဉ်းစားရင်း နဲနဲ ဟီး "
Boss နဲ့ ညားဖို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ စီစဉ်နေတာ အိုမိုင်ဂေါ့ဒ် စိတ်ထဲကပြောရတာ အရသာရှိတာ
"အလုပ်ကိုတက်တက်ကြွကြွ သွားပါ အဲ့တာမှ အောင်မြင်မှာ ပေါ့ ကိုယ် သွားပြီနော်"
မောင်းထွက်သွားသော ကားကိုကြည့်ကာ
"ဟယ် ဒီအတိုင်းကြီးသွားတယ် ကြည့်စမ်း အေးလေ သူက ဘာလို့ တင်ခေါ်ရမှာလဲ ဘ၀ကြီးက မအေးအေး၀င်း စီစဉ်တာမှမဟုတ်တာ "
သူ့ကားလေး တဖြည်းဖြည်းဝေးတာ ကြည့်ရင်းးးးး
ဟမ် ဘာလို့ရပ်သွားတာလဲ ဟယ် ပြန်ဆုတ် လာပြီ
မအေးအေး၀င်း စီစဉ်ပြီ ထင်တယ်
"Boss ဘာဖြစ်လို့လဲ"
ဒီလိုပဲမေးရတာပေါ့ ဟိဟိ
"အစက Hotel ကို တိုက်ရိုက် မ၀င်လို့ မခေါ်ပဲထားခဲ့တာ ဒါပေမဲ့လဲ အဲ့ဘက်က သွားပြီး Kyung Soo shi ကို ချပေးခဲ့မယ်လေ "
YOU ARE READING
PRIDE
RomanceDika...(yaoi) မာနဆိုတဲ့အရာကို...ခဏလောက် အဝေးကိုလွှင့်ပစ်ပေးပါလား kai .....ငါ့အတွက် ရည်ရွယ်ပြီးတော့လေ...