အခုတလော သူကျွန်တော့်အပေါ် ညင်သာသလိုပဲ....အရင်ကလည်း နှိပ်ဆက်ဖူးတာလဲမဟုတ်ပါဘူး...ဒါပေမဲ့ အခေါ်အပြောလုပ်လာသလိုပဲ...ဟုတ်ပါတယ်....သူဆိုတာ ကျွန်တော့်ရဲ့ မာနတစ်ခွဲသား သူဌေးပါ...
အလုပ်ကို...အရင်က ရှစ်ခေါက် ဆယ်ခေါက် ဆယ်နှစ့်ခေါက်ချိုးနဲ့ လာတဲ့ မျက်နှာပေးက....အခုဆို အနည်းငယ် လျော့သွားသလားလို့...
အရင်ကဆို ရောက်တာနဲ့ အခန်းထဲဝင်သွားသူက...အခုဆို Goodmorning တို့ Anneyoung တို့လုပ်သလားလို့....
အထူးသဖြင့် ကျွန့်တော့်ကိုတွေ့ရင် အရင်လို ကျော်သွားတာမျိုး မလုပ်ပဲ ရယ်ပြ ပြုံးပြတာလေးတွေ လုပ်နေသလားလို့...
စကားမစပ်...သူပြုံးရင် သိပ်လှတယ်....ခါတိုင်းလို မျက်နှာမတည်ထားပဲ~~အနည်းငယ်လေး နှုတ်ဆက်ပြုံးပြ ပုံက သဲကန္တာရထဲမှာ ရေရှားပါးသလို ရှားပါးပြီး အဖိုးတန်ပါသည်....
သူက အလုပ်လုပ်ရာတွင်လည်း...စည်းစနစ်ရှိလွန်းသလို.....သပ်ရပ်တိကျလွန်းသည်မှာလည်း လွန်ရော~~
ကျွန်တော်လဲ ဒီရက်ပိုင်းအတွင်း ဘာလို့သူ့အကြောင်း အဲ့လောက် စိတ်ဝင်စားမိမှန်းမသိပါ...
အော်~~ကိုယ့်bossပဲ ဒီလောက်တော့ စိတ်ဝင်စားသင့်ပါတယ်လေ~~ရှည်ရှည်ဝေးဝေးတွေလဲ မတွေးချင်တော့...
တူ.........
"Hello..."
"အထဲခဏ၀င်ခဲ့ပါ.."
တိုတောင်းလွန်းသော စကားဖြင့် မသိမသာအမိန့်ပေးသွားသူ...စောစောကချီးကျုးချင်စိတ်တွေတောင်ပျောက်တယ်....
ထားပါတော့ ခေါ်တော့လဲ သွားရမှာက ကိုယ့်တာဝန်လေ....
ကျွန်တော် အမြင်ကပ်ပုဒ်မနှင့် တံခါးမခေါက်ပဲ ၀င်သွားကာ သူ့ရှေ့ခပ်တည်တည်နှင့်ရပ်လိုက်သည်...
"umn...အပြန် ကိုယ့်အိမ်လိုက်ခဲ့ပါလား မင်းကူလုပ်ပေးရမဲ့စာရင်းတွေရှိသေးလို့"
YOU ARE READING
PRIDE
RomanceDika...(yaoi) မာနဆိုတဲ့အရာကို...ခဏလောက် အဝေးကိုလွှင့်ပစ်ပေးပါလား kai .....ငါ့အတွက် ရည်ရွယ်ပြီးတော့လေ...