တောက်~~တောက်.....
ခဏ ခဏ စားပွဲကိုလက်ဖြင့်တောက်ကာ မျက်နှာကိုတစ်ဖက်လက်ဖြင့်ထောက်ပြီး Do kyung Soo တို့ မှိုင်နေပါသည်.....
ဟိုလူကြီးကလည်း စရောက်ကတည်းက လူကိုအဖက်တောင်မလုပ်ဘူး သူ့ဘာသာသူ့အခန်းထဲမှာနေနေတာ ဟွန်းးးး စိတ်ရှိလက်ရှိ ဆွဲဆောင့်ချင်စိတ်တွေ အတစ်လိုက်.....
ဘယ်လိုလုပ်....သူ့အခန်းလေးထဲတောင်မခေါ်ပဲနေရတာတုန်း လုပ်စရာတွေ အဲ့လောက်တောင် များလား လူကိုခိုင်းစရာလေးတောင် မရှိဘူးလား~~
ခဏလေးပဲ တွေ့လိုက်ရတာ လွမ်းတယ်လို့~~ငတုံးလေးရ!!!
"တီ..."
ဟော phလာနေပြီ သူခေါ်တာလားမသိ.....
"အထဲခဏ၀င်ခဲ့ပါ "
ထင်တဲ့အတိုင်းပဲ သူခေါ်တာ ခ်ခ် ....
အပြေးသွားမလို့လုပ်ရာကနေ phကမှန်လေးဖြင့် တစ်ချက် ရွိုင်းလိုက်သည်....
knock...knock
တံခါးလေးဖွင့်ပြီး ၀င်သွားတော့ ချောမောလှပတဲ့ ကျွန်တော့်ငတုံးလေးကို စတွေ့ရပါပြီ
သူ့နားတဖြည်းဖြည်ူလျှောက်လာသည်နှင့်အမျှ ဘယ်ဘက်ရင်က အလိုက်ကမ်းဆိုး မသိတဲ့ကောင်က အချက်ပြသည်.... ရူး တိုး တိုး သူကြားသွားမှငါအလုပ်ပြုတ်လိမ့်မယ်....
အဲ့ကျရင်တွေ့ရမှာမဟုတ်~~
ဒုတ် ဒုတ်....
ဟိတ် Do kyung Soo စိတ်ထိန်း လူပဲမြင်နေရသေးတာနော် ဒါနဲ့လေ သူကသိပ်ချောတာပဲ
"အော် ရောက်ပြီလား ခဏထိုင်အုန်း"
အသံလေးကအစ aigoo ဆွဲဆောင်မှုရှိလိုက်တာ....
ဆိုဖာလေးမှာထိုင်ကာ သူ့မျက်နှာလေးကို ခိုးခိုးကြည့်နေလိုက်တယ် သူလဲသူ့အလုပ် စာရင်းဇယားတွေနဲ့ရှုပ်
ကျွန်တော်လဲ သူ့ကိုခိုးကြည့်ရတဲ့အလုပ် နှစ်ယောက်လုံး အလုပ်ကိုယ်စီနဲ့ ဟုတ်နေပါပြီ ကိုယ့်ဘာသာတွေးပြီး မျက်နှာကစိမရပါ....
YOU ARE READING
PRIDE
RomanceDika...(yaoi) မာနဆိုတဲ့အရာကို...ခဏလောက် အဝေးကိုလွှင့်ပစ်ပေးပါလား kai .....ငါ့အတွက် ရည်ရွယ်ပြီးတော့လေ...