အဖြူရောင် အခန်းကြီး ကြီးမားလိုက်တာ ခမ်းနားပြီး ကျယ်ဝန်းလို့ ~~~
ဟော~~ နှင်းဆီဖြူလေးတွေနဲ့ပါ အလှဆင်ထားပါလား သိပ်ကိုလှပလိုက်တာ....ကျွန်တော့် လက်ကလေးဖြင့် နှင်းဆီများကိုဆော့ကစားနေမိသည်.....
"ကျွီ"အခန်းတံခါးဖွင့်သံနှင့်အတူ လူများ တဖွဲဖွဲ ၀င်လာသည် ပြင်ဆင်ထားသော စားပွဲခုံများ အသီးသီးတွင် သူတို့ နေရာယူကာ ထိုင်နေကြသည်
ကျွန်တော် ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိသည်
သိပ်မကြာခင် စင်ပေါ်မှာ လူတစ်ယောက်နေရာယူပြီး
စကားတွေစပြောသည်~~
ဘာတွေပြောလဲ ကျွန်တော် မကြားရပါ......
နေပါအုန်း ဒီလိုပွဲမျိုး ကျွန်တော် မြင်ဖူးပါတယ်~~
ဟုတ်ပါရဲ့ ဒါမင်္ဂလာပွဲပဲ~~~ ဘယ်သူ့မင်္ဂလာပွဲလဲ
ထိုစဉ်~~ တက်လာသော လူ ဒီလူးသား မြင်ဖူးပါတယ်.
ဟင်~~~ ဒါ ကျွန်တော့်လူကြီးပဲ.....ဒါဆို သူနဲ့ကျွန်တော် နဲ့က အဟိ~~ ဟယ် ရင်တွေခုန်လာပြီ~~~
ဒီလူကြီးကလဲ ဒီဝတ်စုံလေးနဲ့ လှမှလှ ချောရက်လိုက်လေခြင်း
နောက်ပြီး~~~ ဖိနပ်သံကြားမိတယ် ဒေါက်ဖိနပ်သံ
နောက်လှည့်ကြည့်တော့ အဖြူရောင်ဝတ်စုံနဲ့ ကောင်မလေးဘယ်သူလဲ သူကဘာလို့ လျှောက်လမ်းက လာတာလဲ~~
လူတွေကလဲ ဘာလို့ လက်ခုပ်တီးနေကြတာလဲ ဘာလို့ မင်္ဂလာတီးလုံး ဖွင့်ပေးနေရတာလဲ.....
သူမ တစ်ဖြည်းဖြည်း လျှောက်လာပြီး ကျွန်တော့် လူကြီးရှေ့နေရာယူသည်
ထိုအချိန် ကျွန်တော် အသံကြားလိုက်ရသည်
" သတို့းသားနဲ့ သတို့သမီး အကြင်နာပေးလို့ရပါပြီ"
ဟင့်အင်း~~~~ မဖြစ်ဘူး မလုပ်ပါနဲ့~~~ Noooooo
ရုတ်တရက် အိပ်ရာပေါ်မှ ငေါက်ကနဲ ထမိသည် တစ်ကိုယ်လုံးလဲ ချွဲတွေနှင့် ရွှဲနစ်နေသော ကျွန်တော်
YOU ARE READING
PRIDE
RomanceDika...(yaoi) မာနဆိုတဲ့အရာကို...ခဏလောက် အဝေးကိုလွှင့်ပစ်ပေးပါလား kai .....ငါ့အတွက် ရည်ရွယ်ပြီးတော့လေ...