"Chief ဒါက ငန်လို့တဲ့"
"Chief ဒါက အရသာမရှိဘူးတဲ့"
"Chief ဒါမမှာထားဘူးတဲ့"
များပြားလှတဲ့ complain တွေကြား ခေါင်းလဲမီးတောက်နေပြီ......
ဒီနေ့နဲ့ဆို မတွေ့ရတာ တစ်ပတ်ရှိပြီ....မနေနိုင်ဘူး ဟူးးးး
"လွမ်းလိုက်တာ"
"Chief ဆားတွေအထည့်လွန်နေပြီ"
ဘေးကနား ပြောတဲ့သူကြောင့် ဟင်းအိုးထဲပြန်ကြည့်သောအခါ....
"OH MY GOD!!!!"
ဆားတွေထည့်ထားတာ တစ်ထုပ်တောင်ကုန်တော့မယ်
ဘာတွေဖြစ်နေတာလဲ Do kyung Soo ရာ....ကိုယ့်ကိုယ်ကို စိတ်ပျက်မိသလို ကျိန်ဆဲလိုက်သည်...
"ငါပြန်ပြင်လိုက်မယ် မင်း မှာစရာကျန်သေးလား"
"ဟုတ် Table no.14က စပါကတ်တီ မှာထားသေးတယ်"
တကယ်ပါပဲ စားနိုင်လွန်းတဲ့သူတွေ ၀က်တွေများသေလို့ဝင်စားလားမသိ သူတို့ကြောင့် လူမှာလုပ်ရတာအမော....မနက်ကတည်းက မနားရ
"ဒါနက် Chief တစ်ယောက်ယောက်ကိုလွမ်းနေတာလား"
What? သူဘယ်လိုသိ
"ဘယ်သူ ပြောလဲ"
"chief ပဲပြောတာလေ စောစောက လွမ်းလိုက်တာဆိုပြီး"
ဟိုက်....တကယ်ပဲအဲ့တာ ပါးစပ်ကထွက်သွားတာလား
"ငါလား....မပြောမိပါဘူး"
ကောင်လေးက ကျွန်တော့်ကိုပြုံးစိစိနဲ့ကြည့်တယ်...ဟုတ်လို့လား ဆိုတဲ့ စတိုင်နဲ့....
အဲ့ကောင်လေး...ဟုပ ဘာပါလိမ့်နာမည်က အမွေ ကောင်လေး သူ့ကြောင့် စားဖိုမှူး နေရာပေးခံရတာ
"ဘာကြည့်နေတာလဲ...ဒီဟင်းတွေမင်းကိုကျွေးလိုက်အုန်းမယ်"
လက်ထဲက ဆားပင်လယ် ဟင်းအိုးကိုမြှောက်ကာ ပြောတော့....ခေါင်းလေးငုံ့ပြီး ထွက်သွားတယ်
"ဒါနက်လေ မင်းနာမည်က ဘာလဲ...baekyoung? "
"Arr...Baekhyun ပါ"
"အေး ဒါပြီးရင် ပြီးပြီမလား "
"ဟုတ် ကျွန်တော်တို့ order လဲ ပိတ်ပြီးပါပြီ"
နောက်ဆုံး စားပွဲကို အမြန်လုပ်ကာ...အိမ်ပြန်ဖို့ ပြင်ဆင်လိုက်တယ်....
အပေါက်ဝကနေ မထွက်ခင် အရင်က သူ့ရုံးခန်းကိုသွားနေကျ လမ်းလေးကို ငေးမိတယ်....
ဘာလို့သူနဲ့ဝေးသွားသလိုခံစားမိပါလိမ့်....
"Chieft ပြန်တော့မလို့လား"
နောက်ကနေ ပြောလိုက်တဲ့ကောင်လေး
"အေးးး "
အေးသာပြောရတာ လူက အပြင်ကိုမထွက်နိုင်သေးဘူး
"ဒါနက် ဟိုကောင်လေး Baekyoung? "
ကျွန်တော်ခေါ်လို့ ပြန်လှည့်ကြည့်လာတဲ့ကောင်လေး
"မင်းလေ လူတစ်ယောက်ကိုလွမ်းရင်လေ ဘာလုပ်လဲ အလွမ်းပြေအောင်"
သေစမ်း ဘာတွေမေး...
"umn...ကျွန်တော်တော့ လွမ်းရင် သွားတွေ့မှာ"
ဘာတွေလာဖြေနေမှန်းလဲမသိပါဘူး....
"တော်ပါတော့...ဟူးးးး "
"ဟုတ်တာပဲလေ အလွမ်းပြေတာဆိုလို့ အဲ့နည်းပဲရှိတာကို"
အာ~~ ဟုတ်သားပဲ သွားတွေ့ရင်ဖြစ်တာပဲ.....
သူ့ဘက်ကို ပျော်ရွှင်ခြင်းများပြည့်နှက်နေသော မျက်လုံးဖြင့် ကြည့်ကာ
"ကျေးဇူးပါ....baekyoung"
သူ့ပြောပြီးတာနဲ့ တန်းပြီး အရင်ကလုပ်ခဲ့တဲ့ သူ့ရုံးခန်းလေးဆီ...ဒီအချိန် Bossပြန်သေးဘူး....
"ဒါနက်လေ ကျွန်တော့်နာမည်က Baekhyun ကို"
ကောင်လေးပြောတဲ့စကားကို Do kyung Soo တို့မကြားနိုင်တော့ပါ.....တက်ကြွသောခြေလှမ်းတွေနဲ့ အချစ်ရှိရာသို့~~~
*******************
TBC......
YOU ARE READING
PRIDE
RomanceDika...(yaoi) မာနဆိုတဲ့အရာကို...ခဏလောက် အဝေးကိုလွှင့်ပစ်ပေးပါလား kai .....ငါ့အတွက် ရည်ရွယ်ပြီးတော့လေ...