အိမ်ရောက်တော့ သိတဲ့အတိုင်း Tiffany daddy
Mr.Hwang က ပြောတာပေါ့
Tiffany ကတော့ သူ့လုပ်စရာရှိတာကို ဆက်လုပ်နေတယ်Fany-"အပေါ်ထပ်ကို သယ်သွားလိုက်ပါ
ထောင့်စွန်းက အခန်းထဲမှာ အဆင်ပြေသလိုလေးထားခဲ့ပေးပါနော်""ဟုတ်ကဲ့ပါ မမလေး"
ပန်းချီကားသယ်လာတဲ့ ကောင်လေးတွေကို သူ နေရာတကျ ထားရန် ပြောနေသည်
Mr.Hwang ကတော့ သူ့သမီးကို ဘာမှမမပြော
ကြည့်ပဲကြည့်နေတော့တယ်
Tiffany က သူ့ အဖေ သူ့ကို ဆူမှာစိုး၍ အပြေးကပ်ချွဲလေသည်သူ့ အဖေ လက်ကို ချိတ်လိုက်ရင်း
Fany-"Daddy ကလည်း..အနုပညာကို မခံစားတတ်လိုက်တာ..ဒီဟာ ဝယ်ရတာ ဘယ်လောက်ခက်ခဲလဲ သိရဲ့လား..
အရမ်း အရမ်းကို တန်ဖိုးရှိတယ် daddy ရဲ့"Mr.Hwang လည်း သက်ပြင်းပဲချနေမိတော့တယ်
သားသမီးကို နိုင်တဲ့ မိဘများရှိလို့လား?Mr.Hwang-"အေးပါ..ဟုတ်ပါပြီ..
ငါ ပြောလည်း ထပ်ဝယ်နေဦးမှာမလား?"Fany-"Hee..."
ပန်းချီကားထားတဲ့ကောင်လေးတွေလည်း ပြန်ဆင်းလာပြီး သူတို့နှုတ်ဆက်ပြီး ပြန်သွားတယ်
"ပြောထားတဲ့အခန်းထဲက လွတ်နေတဲ့ နေရာလေးမှာထားခဲ့ပါတယ်ဗျ..
ကျတော်တို့ကို ခွင့်ပြုပါဦး"Fany-"အော်..အေး..ကျေးဇူးပဲနော်"
Mr.Hwang-"ကဲ daddy သွားဝင်အိပ်တော့မယ်
ဒီနေ့ နည်းနည်းပင်ပန်းလာလို့"Fany-"နားလေ Daddy..ဒါနဲ့ မနက်ဖြန် သမီးနဲ့အတူ ဆေးရုံသွားရအောင်နော်
ဆေးမစစ်တာ ဘယ်လောက်ကြာနေပြီလဲ
အလုပ်များတယ်ဆိုပြီးပဲ ပြောနေတာ..
မနက်ဖြန် သွားမယ်နော်"Mr.Hwang-"အေး သွားကြတာပေါ့
မဟုတ်တောင် ဒီရက်ပိုင်း နေရတာ တမျိုးဖြစ်နေလို့ သွားမလို့ရယ်
အခုတော့ အိပ်တော့မယ် သမီးလည်း နားတော့"Fany-"Ok Daddy..Good night"
Mr.Hwang လည်း သူ့အခန်းထဲသူ ဝင်သွားတော့ Tiffany လည်း အပေါ်ထပ်က သူ့အခန်းလေးဆီ သွားတာပေါ့
သူ့အခန်းထဲမဝင်ခင် သူဝယ်လာတဲ့ ပန်းချီကားလေးကို နေရာချရဦးမယ်မလား?
စောနက ပန်းချီ လာပို့တဲ့ကောင်လေးတွေကို ပို့ခိုင်းထားတဲ့ ထောင့်စွန်းက အခန်းလေးဆီ
ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်
YOU ARE READING
What is Love
RomanceKim Taeyeon Hwang Miyoung (Tiffany) Jung Sooyeon (Jessica) သူတို့ (၃) ယောက်ကြား ချစ်ခြင်း နဲ့ မုန်းခြင်း လွန်ဆွဲတဲ့အခါ ဘယ်အရာက အနိုင်ရသွားမလဲ? သူတို့အတွက် အချစ်ဆိုတဲ့အရာကရော? သူတို့ ဘယ်လို ခံယူထားသလဲ? ၁၅၀၀ နဲ့ ၅၂၈ မေတ္တာ? ဘယ်ဘယ်ကို သူတို့ ရွေးချယ်ကြ...