Ch-6

770 83 2
                                    

"Tsk..ဘယ်လိုဖြစ်လို့ ငါတို့ company ရဲ့ အတွင်းရေးက ပေါက်ကြားသွားရတာလဲ
ဒီလောက် တင်းကြပ်ထားရတဲ့ကြားထဲကနေ!"

CEO Hwang ရဲ့ ဒေါသအသံကြောင့် တယောက်မှ တုပ်တုပ်မျှ မလှုပ်ရဲကြ...
Tiffany လည်း သူ့ appa ရုံးခန်းထဲက sofa ပေါ်ထိုင်ရင်း စဉ်းစားနေသည်

Mr.Hwang-"အကုန်လုံးထွက်သွားကြတော့! ဒီကိစ္စဘယ်လိုဖြစ်လဲ သေချာစုံစမ်းလာခဲ့! မဟုတ်ရင် မင်းတို့တွေ အလုပ်ပြုတ်မယ် သိပြီလား!?"

"ဟုတ်ကဲ့ပါ CEO..
ကျတော်တို့ စုံစမ်းခဲ့ပါ့မယ်"

Fany-"Sry daddy..သမီးသေချာ မကိုင်တွယ်မိလို့ပါ..သမီးပေါ့ဆမှုကြောင့်ပါ"

Mr.Hwang-"အတွင်းလူ သစ္စာဖောက်ဆိုတာက
နဖူးမှာ စာမှမရေးထားပဲ..ဖောက်ချင်တဲ့အချိန်ထဖောက်မှာပဲ
ဒီတခေါက်ကိစ္စအမှန်ပေါ်အောင် လုပ်ပါ
Tiffany Hwang!"

Tiffany Hwang ဆိုတဲ့ သူ့ daddy ခေါ်လိုက်တဲ့ နာမည်ကြောင့် သူ နည်းနည်းတော့လန့်သွားသည်
Daddy အရမ်းစိတ်ဆိုးစိတ်တိုနေမှသာ သူ့နာမည်ကို ဒီလိုခေါ်တာလေ

သူလည်း သူ့အမှားနဲ့သူဆိုတော့ ခေါင်းပဲငုံ့နေရှာသည်

ဒေါသထွက်ပြီး သက်ပြင်းခဏခဏချနေတဲ့ သူ့ daddy ကို နှုတ်မဆက်တော့ပဲ သူ ရုံးခန်းထဲကထွက်လာခဲ့သည်

Fany-"မိုးလင်းကတည်းက ပြဿ
နာနဲ့ပါလားနော်...စိတ်ရှုပ်လိုက်တာ..."









ဒီနေ့ Taeyeon သူ နေခဲ့တဲ့ မိဘမဲ့ဂေဟာလေးဆီ သွားမယ် မဟုတ်လား
သွားနေတဲ့ ကားလမ်းတလျှောက် နာကျင်စရာ အတိတ်ပုံရိပ်ဝိုးတဝါးက သူ့ကို လာလာနှောက်ယှက်သည်

ဂေဟာလေးလည်း ပြောင်းလဲလို့နေပြီ
အဆောက်အဦးအသစ်တွေနဲ့ပိုပြီး
စိုပြေလှပနေသည်
သူ ဟိုးငယ်ငယ်တုန်းက နေခဲ့တဲ့အချိန်တုန်းကထက်စာရင် အများကြီး
ပြောင်းလဲသွားပြီ
အချိန်တွေလည်း ကြာခဲ့ပြီမဟုတ်လား...

သူ့ကားလေး ဂေဟာထဲဝင်လာတော့ ကလေးတွေဆော့ကစားနေတာကိုရပ်ပြီး
သူ့ကားလေးကို ဝိုင်းကြည့်နေကြသည်
Taeyeon လည်း ကားပေါ်က ဆင်းရော ကလေးေ
တွအားလုံးက လာကြိုသည်
အမြဲတမ်းလာနေကျဆိုတော့ သူ့ကို မှတ်မိနေတာပေါ့

What is LoveNơi câu chuyện tồn tại. Hãy khám phá bây giờ