Chapter-1

1.3K 102 14
                                    

"ချောလိုက်တာနော်.."

"သူ့ကို ပထမဆုံး မြင်ဖူးတာပဲ..."

"ငယ်ငယ်လေးနဲ့ တော်လိုက်တာနော်"

"ယောင်္ကျားလေး မှတ်နေတာ..
မိန်းကလေးပဲ"

ခန်းမကြီးထဲ လူတွေရဲ့ တယောက်တပေါက် သု့အကြောင်း ပြောသံတွေကို သူကြားနေရတယ်

သူကတော့ သူ့လက်ထဲက ဝိုင်ခွက်လေးကို လှည့်ရင်း လှည့်ရင်း ပြုံးနေမိတယ်

စပိန်ကလာတဲ့ နှစ်ရှည်ဝိုင်တဲ့..
အဲ့ဒါကြောင့်မို့ ထင်ပါရဲ့
ဝိုင်အရသာက တော်တော်ကောင်းကောင်းပဲ

သူ့အကြောင်း ပြောတဲ့သူတွေကို သူ လှည့်လည်း မကြည့်ဘူး စိတ်လည်းမဝင်စားဘူး

သူ့ခေါင်းထဲမှာ စဉ်းစားနေတာက
အခု လေလံပွဲမှာ ရောင်းမယ့် ပန်းချီကား..

ပန်းချီဆရာကလည်း ထိပ်တန်းနာမည်ကြီးတယောက်
ပန်းချီကားကလည်း အရမ်းကို အသက်ဝင်ပီး လှပလွန်းတော့ ဒီပန်းချီကား လေလံဆွဲမယ်ဆိုတော့ လာတဲ့သူတွေ မနည်းမနောပဲ

Company CEO တွေ..
တခြား နိုင်ငံကျော် အနုပညာရှင်တွေ...
တခြား ပန်းချီကို စိတ်ဝင်စားတဲ့သူတွေ...
သူ့လို ပန်းချီပညာရှင်တွေ.. အများအပြားပေါ့

မိုက်ကနေ ထွက်လာတဲ့ အသံတသံကြောင့်
သူ ဝိုင်သောက်နေတာကို ရပ်ပီး မော့ကြည့်လိုက်တယ်

စင်ပေါ်က presenter တဦး...




"ကဲ အားလုံးပဲ သိကြတဲ့အတိုင်း ဒီနေ့
Salvador Dalì ရဲ့ ပန်းချီကားကို လေလံဆွဲပီး ရောင်းမှာပါ..
ဈေးကတော့ US $ 500,000 နဲ့ စပါမယ်..
အခု စပြီး ဝယ်ယူလို့ ရပါပြီ"


"US $ 600,000"

"ဟော...US$ 600,000တဲ့ခင်မျ..ထပ်ပေးမယ့်သူ ရှိသေးလား..?"


"US $700,000"



"700?..အဲ့ထပ်ပိုပေးမယ့်သူ.."


"US $800,000"




"Wow..800 အထိ တတ်သွားပါပြီ
US$ 800,000 အထက် ပေးမယ့်သူ ရှိပါသလား?"

What is LoveDonde viven las historias. Descúbrelo ahora