Yoona-"Hello"
"Awww..Doctor Lim Yoona ဟုတ်ပါတယ်နော်"
Yoona-"ဟုတ်ပါတယ်..ဘယ်သူလဲမသိဘူး"
"Kwon Yuri ပါ"
Yoona-"Ah..စားဖိုမှူးကြီး..ပြောပါရှင့်"
Yul-"အနှောက်ယှက်ဖြစ်သွားလားဟင်..ခဏလောက်စကားလေးပြောချင်လို့"
Yoona-"ရပါတယ်...အခုက ကျမနားချိန်ပါ ဘာပြောမလို့လဲ?"
Yul-"Awww ok ဟို...Yoona ပိတ်ရက်ရောက်ရင် ကျမကို အချိန်ပေးနိုင်မလားဟင်?"
Yoona-"Ahh...ထပ်တွေ့မလို့လား..
ခဏနော် ( သူ ပြက္ခဒိန်ပေါ်က schedule ကို ကြည့်လိုက်ပြီး) ပိတ်ရက်ဆိုရင် ညီမ နယ်ဘက်သွားစရာရှိတယ်.."Yul-"ဟုတ်လား? အဲ့ဒါဆို တွေ့လို့မရဘူးပေါ့
ဒါနဲ့ အဲ့နယ်ဘက်မှာ ဘာသွားလုပ်မှာလဲ?"Yoona-"Imm အဲ့ဘက် မိဘမဲ့ဂေဟာတွေဆီသွားမလို့ပါ ကလေးတွေ ကျန်းမာရေးစစ်ဆေးပေးမလို့..ပြီးတော့ တခြားမတတ်နိုင်တဲ့သူတွေကိုလည်း အကူအညီပေးချင်လို့ ညီမက ပရိဟိတ အဖွဲ့ဝင်ထားတယ်လေ အဲ့ဒါ အဖွဲ့က သွားမယ်ဆိုလို့"
Yul-"Wow..တကယ်ကို ကြားထားတဲ့အတိုင်းပဲ Yoona က အရမ်းတော်တာပဲနော်"
Yoona-(ရယ်လျက်) Eh မြောက်နေပြန်ပါပြီ..
စားဖိုမှူးကြီးလည်း တခုခု လှူချင်လှူလိုက်နော် hee
အဖွဲ့အစား အလှူခံပေးတာ"Yul-"Imm ပစ္စည်းထည့်လိုက်တာထက် ကိုယ်တိုင်လိုက်လုပ်ပေးတာ ပိုကောင်းမယ်ထင်တယ်"
Yoona-"Huh စားဖိုမှူးကြီး အချိန်ရှိရဲ့လား?
ညီမတို့ အဲ့မှာ ၂ ရက်လောက် ညအိပ်ရမယ်ထင်တယ် အဲ့ထက်လည်းကြာချင်ကြာသွားနိုင်တာကို အဆင်ပြေပါ့မလား?"Yul-"ရပါတယ်...ဆိုင်ရဲ့ image လေးလည်း ပိုကောင်းတာပေါ့ မဟုတ်ဘူးလား?"
Yoona-"aww...အဲ့လိုလား?
ဟုတ်ပါပြီ စားဖိုမှူးကြီး အဆင်ပြေရင် ပြီးတာပါပဲ
ညီမ အချိန်တချက်ပြန်ပြောပေးပါ့မယ်
ဒီ ဖုန်းနံပါတ်ကို မှတ်ထားလိုက်မယ်နော်"Yul-"ဟုတ်ပြီ..ဒါနဲ့ တခုလောက် အကူအညီတောင်းလို့ရမလား?"
Yoona-"ဘာများလဲ"
Yul-"စားဖိုမှူးကြီးလို့ မခေါ်ပါနဲ့လား အရမ်း သူစိမ်းဆန်သလိုပဲ ရင်းရင်းနှီးနှီးနေလို့ အဆင်ပြေလား?"
YOU ARE READING
What is Love
RomanceKim Taeyeon Hwang Miyoung (Tiffany) Jung Sooyeon (Jessica) သူတို့ (၃) ယောက်ကြား ချစ်ခြင်း နဲ့ မုန်းခြင်း လွန်ဆွဲတဲ့အခါ ဘယ်အရာက အနိုင်ရသွားမလဲ? သူတို့အတွက် အချစ်ဆိုတဲ့အရာကရော? သူတို့ ဘယ်လို ခံယူထားသလဲ? ၁၅၀၀ နဲ့ ၅၂၈ မေတ္တာ? ဘယ်ဘယ်ကို သူတို့ ရွေးချယ်ကြ...