Chapter-10

740 81 7
                                    

Yoona-"Yuri unnie...အဆင်ပြေရဲ့လား
ပင်ပန်းနေပြီလား"

နဖူးပေါ်က စီးကျလာတဲ့ ချွေးတွေကိုသုတ်ပြီး အမောဖြေနေတဲ့ Yuri ကို Yoona အအေးခွက်လေး လှမ်းပေးလိုက်တယ်

Yul-"Ah..အဆင်ပြေပါတယ် ဒီဘက်က ပူတယ်နော်
အမြဲတမ်း aircon ခန်းထဲနေလို့လားတော့ မပြောတတ်ဘူး"

Yoona-"ဟုတ်တယ် unnie..ဒီနေ့ အပူချိန်ပိုမယ်လို့ ပြောထားတယ်..အရင်ကဆို Seoul နဲ့ အတူတူလောက်ပါပဲ အရမ်းမပူဘူး"

Yuri အအေးခွက်လေးကို သူ့ဘေးနားချလိုက်ရင်း
သူ စုပြီးစည်းထားတဲ့ ခေါင်းစည်းကြိုးကို ဖြည်ချလိုက်ပြီး ဆံပင်တွေခါလိုက်တယ်
အဲ့အချိန် လေပြေလေးတွေတိုက်လာတော့ သူ့ဆံနွယ်တွေက လေမှာဝဲလို့ပေါ့
Yoona ရေသောက်နေရင်း Yuri ကို ခဏတာ ငေးကြည့်နေမိတယ်
Unnie က လှလိုက်တာ ဆိုပြီးလည်း စိတ်ထဲမှာတွေးနေမိတယ်
Yuri သူ့ရဲ့ဆံပင်တွေကို သေချာစုပြီး
အနောက်မှာထုံးထားလိုက်တယ်

Yul-"အရမ်းပူတော့ ဒီလို လုပ်ထားရင် သက်သာတယ် Yoona လည်း ဆံပင်စည်းထား...
အဲ Yoona-ah...ဘာလို့ စိုက်ကြည့်နေတာလဲ"

Yuri က သူ့ဘာသာ ဆံပင်စည်းနေရင်းကနေ စကားတွေပြောနေတာ ရုတ်တရက် Yoona ဘက် လှည့်ကြည့်တော့ သူ့ကို စိုက်ကြည့်နေတယ်လေ

Yoona-"huh...ahh အဲ့ဒါ...ဒီအတိုင်း unnie ဆံပင်စုပြီးထုံးတာ ငေးနေတာ.."

Yul-"ဘာလို့လဲ လှလို့လား"

Yoona-"အင်း"

Yoona ခေါင်းညိတ်ပြီး ထောက်ခံလိုက်တယ်

Yul-"Yeyy...နောက်ဆုံးတော့ ငါ့ကို လှတယ်လို့ပြောမယ့်သူ ရှိပြီ...."

Yuri က အားရပါးရ ရယ်မောပြီးပြောနေတော့ Yoona လည်း ရယ်မိတယ်

Yoona-"unnie ကလည်း...အခုထိ unnie ကို လှတယ်လို့ မပြောဖူးတဲ့သူ မရှိဘူးလို့ မနောက်နဲ့နော်"

Yul-"အဲ့လိုမဟုတ်ပါဘူး...Fany လေ
သူ လောင်းရဲတယ်တဲ့ ..နင် ဆံပင်ထုံးထားရင် နင့်ကို လှတယ်လို့ပြောမယ့်သူရှိမှာ မဟုတ်ဘူးတဲ့လေ
အခုတော့ သူ ရှုံးသွားပြီ"

Yoona-"အဲ့လိုလား......unnie က လှပါတယ်"

Yul-"ဒီနေ့ Yoona လုပ်တာ မိုးပေါ်ရောက်တော့မယ် ပျော်ပြီးတော့
Seoul ရောက်ရင်တော့ ဆိုင်မှာ menu အကောင်းစားနဲ့ ဧည့်ခံရတော့မှာပဲ"

What is LoveOpowieści tętniące życiem. Odkryj je teraz