Chapter-9

617 77 7
                                    

Yul-"What??? နင့်ဟာက သေချာရဲ့လားဟာ..
နင် ထင်ယောင်ထင်မှားဖြစ်နေတာ နေမှာပါ
သေချာ စဉ်းစားကြည့်ပါဦး"

Yuri Tiffany ကို အံ့ဩစွာ ပြောနေရင်း sofa ခုံရဲ့ နောက်ကျောကို မှီလိုက်သည်
လေတချက်မှုတ်ထုတ်လိုက်ရင်း သူ့နဖူးပေါ် ဝဲကျနေတဲ့ ဆံနွယ်တွေကို သပ်လိုက်ကာ Tiffany မျက်လုံးတွေ ကို သေချာစွာ ထပ်ကြည့်မိသည်
မျက်လုံးတွေက ဘယ်တော့မှ လိမ်မပြောဘူးမလား
Tiffany အကြည့်တွေက လေးနက်တည်ငြိမ်နေတယ်
သူ တကယ့်စိတ်ရင်းကို မြင်နေရတဲ့အတိုင်းပါပဲ



Yul-"woww....
တကယ်ကြီးပဲ...
တကယ်ကို သဘောကျနေတာပဲ Kim Taeyeon ကို
ဒါနဲ့ ဘယ်လိုဖြစ်ပြီးလဲ? တွေ့တာ ဘယ်လောက်မှ မကြာသေးဘူးမလား?"


Fany-"Yah..တွေ့တာကြာမှ သဘောကျရမှာလား? မြင်မြင်ချင်း သဘောကျတာတွေလည်းရှိနေတာကို..."

Yuri မျက်ခုံးပင့်မိသည်


Yul-"Wow wow wow wow နော်... ဒါဆို နင် စတွေ့ကတည်းကလား?"




Fany-"အဲ့လိုဖြစ်မယ်ထင်တယ်...ဒါပေမယ့် သူ့ကို Sica နဲ့ တွဲပြီးတွေ့လိုက်ရချိန်မှာ ငါ့ခံစားချက်တွေ ပိုပြီးသေချာသွားတာပဲ ငါ ဘာလို့ သူနဲ့တွေ့တိုင်း ရင်ခုန်နေမိတာလဲဆိုတာ..."



Yuri တယောက်ကတော့ Tiffany ကို တအံ့တဩ ကြည့်နေမိသည် တခြား ချမ်းသာတဲ့အသိုင်းအဝိုင်း မျိုးရိုးကောင်းကနေဆင်းသက်လာတဲ့ ယောင်္ကျားလေးတွေက ဝိုင်းကြိုက်ကြတာတောင်မှ ရင်မခုန်ခဲ့တဲ့သူ မလား? အခု ရင်ခုန်ပြန်တော့ မိန်းကလေးတယောက်ကိုမှ...
အော် အချစ်ဆိုတာ ဆန်းကြယ်လှပါလားနော်




Yul-"နေပါဦး...Taeyeon နဲ့ Sica ကို တွဲတွေ့တယ်ဆိုတော့..အဲ့ကိစ္စ ငါ့ကို ရှင်းပြပါဦး"




Tiffany လည်း သူ Taeyeon ဆီသွားတွေ့တဲ့နေ့က ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်
Yuri က သဘောပေါက်သွားဟန်ဖြင့် လက်ဖျောက်တချက်တီးလိုက်ရင်း...



Yul-"Ah..ဒါဆို Taeyeon နဲ့ Sica က အရင်တုန်းက ဇာတ်လမ်းတွေရှိခဲ့မှာပေါ့..Taeyeon ပြောတဲ့ ပန်းချီကားနဲ့ ပက်သက်တဲ့ နောက်ဆုံးအမှတ်တရတွေဆိုတာလည်း Sica နဲ့ သက်ဆိုင်နေတယ်ပေါ့ အဲ့လိုလား..."



What is LoveWhere stories live. Discover now